ငလျင်လှုပ်ပြီး ၁၂၈ နာရီအကြာမှာ ၂ လသားကလေးငယ်ကို ကယ်တင်နိုင်ခဲ့

13.2.2023-image-8.jpg

တူရကီအင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁၂၈ နာရီအကြာမှာ အဆောက်အအုံ အပျက်အစီးတွေကြားကနေ ၂ လသားအရွယ် ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က တူရကီနိုင်ငံ၊ ဟာတေးပြည်နယ်မှာ ကယ်တင်နိုင်ခဲ့တာပါ။ ၂ နှစ်အရွယ် မိန်းကလေးငယ်၊ ကိုယ်ဝန် ၆ လရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးတို့ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

တူရကီ – ဆီးရီးယားနယ်စပ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ် ငလျင်ကြောင့် သေဆုံးသူ ၃၄၀၀၀ ကျော် ရှိလာခဲ့ပြီး ပြိုကျခဲ့တဲ့ အဆောက်အအုံ ၆၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။

Ref: Two month old survived under rubble for 128 hours after turkey quake

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top