တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာပြန်စစ်ဆေးပေးရန် လျှောက်ထားမှုကို လတ်တလောခွင့်မပြုသေး

14-8-2020-yyl-001.jpg

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်းကို လတ် တလောခွင့်မပြုသေးဘဲ လျှောက်ထားနိုင်တဲ့ အချိန်နဲ့ အစီအစဉ်အသေးစိတ်ကို ကြိုတင်ကြေ ညာပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၁၉-၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့ အညီ ဆောင်ရွက်နိုင်ရန် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီထံ တင်ပြသွားမှာဖြစ်ပြီး ကော်မတီက ခွင့်ပြုမှသာ အဖြေလွှာ ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းတွေကို လုပ်ဆောင်သွားမှဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဖြေလွှာပြန်လည်စစ်ဆေးရန်အတွက် ဖြေဆိုသူကိုယ်တိုင် (သို့မ ဟုတ်) မိဘက စာစစ်ဦးစီးဌာနရုံးတွေကို တင်ပြရမှာဖြစ်ပြီး စာမေးပွဲ အဖြေလွှာကို ဘာသာရပ်အလိုက် စာစစ်မှူးချုပ်များ ဦးဆောင်တဲ့ စာစစ်အဖွဲ့က ပြန်စစ်ဆေးကာ မူလစစ်ဆေးမှုတွေနဲ့ ကွဲလွဲမှု ရှိ၊ မရှိ ကျောင်းသားထံ အကြောင်းပြန်ပေးခြင်းဖြစ်ပါတယ်။

COVID-19 ကူးစက်နိုင်မှု အန္တရာယ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို သြ ဂုတ် (၉) ရက်က ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များမှာ ကြေညာခဲ့ကာ နောက်တစ်ရက်မှာ ကျောင်း အလိုက် အောင်စာရင်းတွေကို အခြေခံပညာ အထက်တန်းကျောင်းများမှာ ကပ်ထားခဲ့တာဖြစ်ပြီး ယခုနှစ် တစ်နိုင်ငံလုံး အောင်ချက်မှာ ၃၂ ဒဿမ ၀၆ ရာခိုင်နှုန်းဖြစ်ပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top