၁၁ လ အတွင်း ထီနံပါတ်တူနဲ့ပဲ ထီ ၃ ကြိမ် ပေါက်ခဲ့တဲ့ အမျိုးသား

26.4.2023-yyl-iamge-2.jpg

မေရီလန်းပြည်နယ်က အမျိုးသားတစ်ဦးဟာဆိုရင် ၁၁ လအတွင်း ထီ ၃ ကြိမ်ပေါက်ခဲ့ပြီး ပေါက်ခဲ့တဲ့ ထီတွေကလည်း နံပါတ်အတူတူပါပဲ။ အသက် ၅၂ နှစ်အရွယ် အမည်မဖော်လိုသူ အဲ့ဒီအမျိုးသားက ၁၁ လအတွင်း Pick 5 ထီကံစမ်းမှုတွေကနေ ဆုငွေ ဒေါ်လာ ၁၅၀၀၀၀ ရရှိခဲ့တာပါ။

ထီဆုငွေထုတ်တော့ သူ့ကို “Big Winner” လို့ နာမည်ပြောင်ပေးထားပါတယ်။ သူက ထီနံပါတ်အတူတူပဲ ကံစမ်းဖို့ အကြံပေးခဲ့တဲ့ သူ့ဇနီးကိုလည်း ချီးကျူးလို့မဆုံးဖြစ်နေတာပါ။ သူ နောက်ဆုံး ထီပေါက်ခဲ့တာက ဧပြီလ ၁၃ ရက်နေ့ကပါ။ သူ့ရဲ့ထီဆုငွေက ဒေါ်လာ ၅၀၀၀၀ပါ။ သူက ပေါက်မဲထီနံပါတ်ကို Big Mouth Beer, Wine and Liquor ဆိုင်ကနေ ဝယ်ယူခဲ့တာပါ။ အဲဒီဆိုင်ကလည်း သူ့ဆိုင်ကနေ ဝယ်ယူခဲ့တဲ့ ထီလက်မှတ်နဲ့ ထီကံထူးရှင်ရှိခဲ့တဲ့အတွက် ဘောနပ် ဒေါ်လာ ၅၀၀ ရရှိသွားမှာပါ။

အရင်က ၂၀၂၂ ခုနှစ် မေ ၁၈ ရက်နေ့က ဝယ်ယူခဲ့ပြီးပေါက်ခဲ့တဲ့ ထီလက်မှတ် (၂) စောင်အတွက် ဆုငွေ ဒေါ်လာ ၁၀၀၀၀၀ ရရှိခဲ့တာပါ။ သူက ထီဆုငွေတွေနဲ့ သူ့ဇနီးဖြစ်သူကို အထူးအားလပ်ရက်ခရီးခေါ်သွားဖို့ စီစဉ်ထားပါတယ်။ မေရီလန်းပြည်နယ်ရဲ့ Pick 5 ထီဂိမ်းကို အနိုင်ရဖို့ အခွင့်အလမ်းက ၁၀၀၀၀၀ မှာ ၁ ကြိမ် ပါပဲ။

Ref: Md. Man Wins $50K on Lottery 3 Times in 11 Months with the Same Exact Number: ‘You Never Know’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top