ရေကန်ပေါင်း ၈၀ ကျော်ကို သန့်ရှင်းရေးလုပ်ပေးခဲ့သူ

9.1.2025-yyl-6.jpg

အိန္ဒိယနိုင်ငံသားတစ်ဦးဟာ ပြည်နယ် ၇ ခုမှာရှိတဲ့ ရေကန်ပေါင်း ၈၀ ကျော်မှာ အမှိုက်တွေဆယ်ပြီး သန့်ရှင်းကြည်လင်အောင် လုပ်ပေးခဲ့လို့ ရေကန်လူသားဆိုတဲ့ အမည်နဲ့ ချီးကျူးဂုဏ်ပြုခံနေရပါတယ်။

ဥတ္တာပရာဒက်ရှ်ပြည်နယ်ရဲ့ ရွာငယ်လေးမှာ မွေးဖွားလာခဲ့တဲ့ ရမ်ဗီးရ်တန်ဝါဟာ သူ့ရဲ့ငယ်ဘဝတုန်းက ရွာနားတစ်ဝိုက်မှာရှိတဲ့ ရေကန်တွေမှာ သူငယ်ချင်းတစ်သိုက်နဲ့ ဆော့ကစားခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီရေကန်တွေက အမှိုက်တွေအပြည့်နဲ့ ညစ်ပတ်နေတာကို တွေ့လိုက်ရလို့ သူ စိတ်မကောင်း ဖြစ်သွားခဲ့ပါတယ်။

” ငယ်ငယ်တုန်းက ကျွန်တော်တို့ ကစားခဲ့တဲ့ ရေကန်တွေပေါ့ဗျာ။ တစ်ခါတလေ ပါးစပ်ထဲကို ရေ ဝင်သွားတာမျိုး ကြုံသေးတယ်။ အခုလို ညစ်ပတ်နေတဲ့ ရေကန်မျိုးမှာ ဒီဘက်ခေတ် ကလေးတွေ ဘယ်လို ကစားကြမလဲ”လို့ ရန်ဗီးရ်တန်ဝါက ဆိုပါတယ်။

ရေကန်တွေမှာ အမှိုက်တွေ လိုက်ဆယ်ပေးတဲ့ သူ့ရဲ့လုပ်ရပ်ကို မိသားစုတွေ၊ မိတ်ဆွေတွေက ဝေဖန်ကြပေမဲ့ ရန်ဗီးရ်ကတော့ လက်မလျှော့ခဲ့ပါဘူး။ သူဟာ မြွေမကြောက်၊ ကင်းမကြောက်၊ မိုးရွာမရှောင်၊ နေပူမရှောင်ဘဲ ရေကန်တွေကို သန့်ရှင်းရေးလုပ်ခဲ့တာပါ။

နောက်တော့ သူနဲ့အတူ လုပ်အားပေးမယ့်သူတွေ တစ်စထက်တစ်စ ပိုများလာခဲ့ပြီး လုပ်အားပေး ၅၀၀ အထိ ပါဝင်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ လူတွေက သူ့ရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ကြပြီး ချီးကျူးသူတွေထဲမှာ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီတောင် ပါဝင်ပါသေးတယ်။

Ref: Meet the Man Who Cleaned 80+ Ponds Across 7 States, Even Diving Into Murky, Snake-Filled Waters
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top