အိုလံပစ်ပြိုင်ပွဲကို ၇ ကြိမ်မြောက်လာကြည့်နိုင်ဖို့ သူ့ရဲ့စုဆောင်းငွေတွေ သုံးပစ်ခဲ့တဲ့ အိုလံပစ်ပရိသတ်အကြီးစား

1.8.2024-yyl-၃.jpg

ဗီဗီယန် ရောဘင်ဆန်ဆိုသူ အမျိုးသမီးဟာ နှစ်ပေါင်း ၄၀ အတွင်း အိုလံပစ်ပြိုင်ပွဲကို ၇ ကြိမ် လာရောက်ကြည့်ရှုနိုင်ခဲ့ပါပြီ။ အခု ပါရီမှာ ပြုလုပ်နေတဲ့ အိုလံပစ်ပြိုင်ပွဲကို လာရောက်ခဲ့တာက သူ့အတွက် ၇ ကြိမ်မြောက်ပါ။ ဒီခရီးစဉ်အတွက် သူဟာ ငွေအမြောက်အမြားသုံးခဲ့ရတာပါ။

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဗီဗီယန်က လော့အိန်ဂျလိစ်ကဖြစ်ပြီး ခရီးစရိတ်တတ်နိုင်ဖို့အတွက် သူ့ရဲ့ စုဆောင်းငွေတွေထုတ်ခဲ့သလို အလုပ်နှစ်ခုလည်းလုပ်ခဲ့ရပါတယ်။ နေ့ဘက်မှာ Venice Beach မှာ အလုပ်လုပ်ပြီး ညဘက်ဆို ကုန်စုံဆိုင်မှာ အလုပ်လုပ်ခဲ့တာပါ။ Paris Olympics ပြိုင်ပွဲကို လာရောက်ဖို့အတွက် သုံးစွဲခဲ့တဲ့ ငွေကြေးကို ပြန်ရှာဖို့ နောက်ထပ် ၂ နှစ် အလုပ်လုပ်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အိုလံပစ်ဖွင့်ပွဲအခမ်းအနားအတွက် ဒေါ်လာ ၁၆၀၀ ပေးခဲ့ရပြီး တံတားတစ်ခုပေါ်က Screen ကနေပဲ ကြည့်ခဲ့ရလို့ သူ စိတ်ပျက်မိကြောင်း ပြောပါတယ်။ လမ်းသွားလမ်းလာတစ်ဦးက သူ့ကို Gofundme အကောင့်တစ်ခုဖွင့်ပြီး သူ့ရဲ့ဝါသနာအတွက် ရန်ပုံငွေရအောင် လူတွေကို အကူအညီတောင်းဖို့ အကြံပြုခဲ့ပါတယ်။

အိုလံပစ်ပွဲကြည့်ချင်တဲ့ သူ့ရဲ့ဝါသနာဟာ ၁၉၈၄ ခုနှစ်အတွင်း University of California ရဲ့အားကစားသမားတွေအတွက် သူ့မိခင်ဖြစ်သူ ဘာသာပြန်လုပ်ပေးရတဲ့အချိန်က စတင်ခဲ့တာပါ။ သူ့မိခင်ဟာ အားကစားသမားတွေဆီက ရင်ထိုးတွေကို ယူပြီး အလုပ်ကနေ အိမ်ပြန်လာကာ သူ့ကို ပေးပါတယ်။

အားကစားသမားတွေရဲ့ရင်ထိုးတွေကို စုဆောင်းရတဲ့ဝါသနာက ၁၉၉၆ ခုနှစ်ရဲ့ အိုလံပစ်ပြိုင်ပွဲကို သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကနေက သူက ၂၀၀၀ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွေဆီ သွားရောက်ခဲ့ပါတယ်။

အခုနှစ်အိုလံပစ်ပွဲပြီးပြီးချင်း သူဟာ နောက်လာမယ့်အိုလံပစ်ပွဲကို သွားရောက်နိုင်ဖို့ ခရီးစရိတ်၊ လက်မှတ်စရိတ်တွေအတွက် အလုပ်စပြီးလုပ်ရတော့မှာဖြစ်ပါတယ်။

Ref: Meet the Olympics superfan who spent her savings to get to her 7th Games
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top