မီးတောင်ပေါက်လို့ မြေအောက်ရောက်ခဲ့တဲ့ ပွမ်ပေမြို့မှာ ရှေးဟောင်းပစ္စည်းသိုက် တွေ့ရှိ

vocano.jpg

မီးတောင်ပေါက်လို့ မြေအောက်ရောက်ခဲ့တဲ့ ပွမ်ပေမြို့မှာ ရှေးဟောင်းပစ္စည်းသိုက် တွေ့ရှိ

ရောမခေတ်တုန်းက မီးတောင်ပေါက်ကွဲလို့ မြေအောက်ရောက်သွားတဲ့ ပွမ်ပေမြို့မှာ မှော်ဆရာရဲ့ ရှေးဟောင်းပစ္စည်းသိုက်တစ်ခုကို ရှေးဟောင်းပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အေဒီ ၇၉ မှာ ဗီဆူဗီယက်စ်မီးတောင်ပေါက်ကွဲပြီး ပွမ်ပေမြို့တစ်မြို့လုံး ချော်ရည်တွေ ဖုံးလွှမ်းခံခဲ့ရပါတယ်။ ချော်ရည်တွေနဲ့ ပုံသွင်းခံခဲ့ရသလို ဖြစ်ခဲ့တဲ့ ပွမ်ပေမြို့ဟာ ရှေးဟောင်းပညာရှင်တွေအတွက် လေ့လာစရာပေါများတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။

အခုတွေ့ရတဲ့ ရှေးဟောင်းပစ္စည်းတွေထဲမှာ ကံကောင်းခြင်းအဆောင်တွေ၊ ကြေးမုံပြင်တွေ၊ ဖန်ပုတီးစေ့တွေပါပြီး ပစ္စည်းအများစုကတော့ အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပါ။ ဆွေးမြေ့နေပြီး ကြေးနီပတ္တာပဲ ကျန်တော့တဲ့ သစ်သားသေတ္တာပျက်ထဲကနေ
သလင်းကျောက်တွေ၊ ကြွေထည်တွေ၊ ပယင်းတွေ၊ နီလာကျောက်တွေ၊ ဝိုင်နတ်ဘုရား ဒိုင်အိုနီးဆပ်ရဲ့ရုပ်တု ထွင်းထားတဲ့ ဖန်ပုတီးစေ့တွေ၊ ပန်းပုပညာရှင်ရုပ်တုထွင်းထားတဲ့ အဂိတ်ကျောက်တွေ တွေ့ရပါတယ်။

တွေ့ရတဲ့ပစ္စည်းတွေဟာ အိမ်ပိုင်ရှင်ရဲ့ ပစ္စည်းတွေ ဟုတ်ဟန်မတူဘူး၊ အစေခံ ဒါမှမဟုတ် ကျွန်တစ်ယောက် ပိုင်ဆိုင်တဲ့ပစ္စည်းတွေဖြစ်မယ်လို့ ရှေးဟောင်းပညာရှင်တွေက တွက်ဆထားပါတယ်။ ရှေးဟောင်းပစ္စည်းသိုက် တွေ့ရတဲ့ အိမ်ရဲ့ အခန်းတစ်ခန်းထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် လူ ၁၀ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရပါတယ်။ သေဆုံးနေသူတွေကြား တော်စပ်ပုံကို သိရစေဖို့ DNA စစ်ဆေးမှုတွေ လုပ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top