အမျိုးသမီးတွေသီးသန့်ဖွဲ့စည်းထားတဲ့ စုံထောက်တပ်ဖွဲ့

29.7.2024-yyl-1.png

ပီရူးနိုင်ငံမှာ အမျိုးသမီးတွေသီးသန့် စုဖွဲ့ထားတဲ့ စုံထောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ ဖီးနစ်တပ်ဖွဲ့(Phoenix Squad)လို့ အမည်ပေးထားတဲ့ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမှုပေါင်း ၁၀၀၀၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး အဓိက ကိုင်တွယ်တာကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့ ကလေးအုပ်ထိန်းခွင့်နဲ့ဆိုင်တဲ့ကိစ္စရပ်တွေအတွက် သက်သေအထောက်အထား ရှာဖွေပေးတာပါပဲ။

သူတို့ ကိုင်တွယ်ရတဲ့အမှုတွေမှာ ကျား၊ မ ခွဲခြားမှုမရှိပေမဲ့ စုံထောက်တပ်ဖွဲ့ တစ်ခုလုံးကို အမျိုးသမီးတွေနဲ့ချည်းပဲ ဖွဲ့စည်းထားရတဲ့အကြောင်းရင်းကတော့ အလုပ်အတွက် ပိုသင့်တော်တာကြောင့် ဖြစ်တယ်လို့ အဖွဲ့တည်ထောင်သူ မယ်လီနာက ပြောပါတယ်။ မယ်လီနာဟာ စုံထောက်ဖြစ်တဲ့ သူ့ဦးလေးနဲ့အတူ အလုပ်လုပ်ရင်း ဈေးကွက်လိုအပ်ချက်အရ အမျိုးသမီးသီးသန့် စုံထောက်အဖွဲ့ကို တည်ထောင်ဖြစ်ခဲ့တာပါ။

” အမျိုးသမီးတွေ ထောက်လှမ်းစုံစမ်းတာကို လူတွေ သိပ်သတိမထားမိကြဘူး။ ပျောက်ကျားလှုပ်ရှားဖို့ လွယ်တယ်။ ပြီးတော့ အချိန်တိုတိုအတွင်း ပြဿနာဖြေရှင်းနိုင်စွမ်းလည်း ရှိတယ်” လို့ မယ်လီနာက ဆိုပါတယ်။ သူတို့ဟာ ဒရုန်းနဲ့စောင့်ကြည့်တာ၊ သေးငယ်တဲ့ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်တာ အစရှိတဲ့ နည်းစနစ်တွေကိုလည်း အသုံးပြုကြပါတယ်။ သူတို့ရဲ့မှတ်တမ်းမှတ်ရာတွေအရတော့ အိမ်ထောင်ရေးမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီး စိတ်မချရဘူးလို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း သူတို့ကိုင်တွယ်ခဲ့တဲ့ အမှုတွေမှာ အမျိုးသမီးတွေ ဖောက်ပြန်မှု ၇၀ % အထိရှိပြီး အမျိုးသားတွေ ဖောက်ပြန်မှု ၃၀ % ပဲ ရှိတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တစ်ပတ်တာကာလ အိမ်ထောင်ရေးဖောက်ပြန်မှု ၁၀ ခုမှာ ၈ ခုဟာ အမျိုးသမီးတွေ သစ္စာမရှိလို့ ဖြစ်ရတဲ့အမှုတွေလို့ မယ်လီနာက ဆိုပါတယ်။ ဖီးနစ်စုံထောက်တပ်ဖွဲ့ဟာ အခကြေးငွေယူပြီး အလုပ်လုပ်နေတာဖြစ်ပေမဲ့ သူတို့ကိုယ်သူတို့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကာကွယ်သူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။

Ref: Meet the “Phoenix Squad”, Peru’s Infidelity-Busting Female Detective Team
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top