ထိုင်းနိုင်ငံက ကျောင်းသားလေး (၃)ဉီး ဆင်စီးပြီး ကျောင်းတက်

28-6-2021-yyl-12.jpg

လက်ရှိခေတ်က ၂၁ ရာစုဖြစ်နေပေမဲ့ ထိုင်းလူမျိုးတွေက ကျောင်းနဲ့ ရုံးကို သွားတဲ့အခါ ဆင်စီးပြီး သွားနေကြတုန်းပါပဲ။ မကြာသေးခင်ကလည်း ဖေ့စ်ဘွတ်ပေါ်မှာ ကျောင်းကို ဆင်းစီးပြီးသွားတဲ့ ကျောင်းသားလေး (၃) ဉီးရဲ့ပုံတွေ ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။

ဇွန်လ ၁၇ ရက်နေ့ မနက်ခင်းမှာ Banyawuek School က ဆရာတစ်ဉီးဟာ ဆင်စီးပြီး ကျောင်းကို ရောက်လာတဲ့ ကျောင်းသားလေး (၃) ဉီးရဲ့ပုံတွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ “ကျောင်းကို ကျောင်းသားတွေ လာပို့တဲ့ နည်း” ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါတယ်။ ဆင်စီးလာတဲ့ ကျောင်းသားလေး (၃) ဉီးကို ကျောင်းရဲ့အပြင်ဘက် ဘတ်စကက်ဘောကွင်းမှာ လာမချခင် လမ်းမပေါ်မှာ အရင်ဆုံးမြင်တွေ့ခဲ့ကြတာပါ။ သူတို့နဲ့အတူ ဆင်ထိန်းတစ်ယောက်ကလည်း ဘေးကနေ လိုက်လာခဲ့တာတွေ့ရပါတယ်။ အဲဒီဆင်ထိန်းက ကျောင်းသားလေး (၃) ဉီးထဲက တစ်ဉီးရဲ့ဖခင်ဖြစ်နိုင်တယ်လို့ Daily News ကတော့ ခန့်မှန်းပြောဆိုထားပါတယ်။

ကျောင်းသားလေးတွေကို ကျောင်းပို့တဲ့ ဆင်ကြီးကို အပြင်မှာ မြင်တွေ့ရဖို့ ခဲယှဉ်းပါတယ်။ ဆင်ကြီးက နိုင်ငံရဲ့သင်္ကေတဖြစ်တဲ့အပြင် အတော်လေးလည်းလှပါတယ်။ ဆင်ကြီးက ကျောင်းထဲမဝင်ခင် ဆရာမတွေကို နှာမောင်းနဲ့ နှုတ်ဆက်သွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကျောင်းကို ဆင်စီးလာတဲ့ ကျောင်းသားလေးတွေရဲ့ပုံတွေကို လူမှုကွန်ယက်အသုံးပြုသူတွေက မြင်တွေ့ပြီး တအံ့တသြဖြစ်ခဲ့ကြပါတယ်။ အဲဒီပုံတွေကို မျှဝေခဲ့သူတွေလည်းများခဲ့ပြီး ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက ကျောင်းသားလေးတွေနဲ့ ဆင်ကြီး ဘယ်လိုတောင် ချစ်ဖို့ကောင်းတယ်ဆိုတာတွေ ကွန်မန့်ပေးခဲ့ကြပါတယ်။ တချို့ကတော့ အခုနောက်ပိုင်း ဆီဈေးကြီးလာပြီလို့ ဟာသမြောက်အောင် ရေးသားထားကြပါတယ်။

Ref: Thesmartlocalthailand “Thai Boys Ride An Elephant To School In Surin Instead Of A Bus”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top