အသက် ၇ နှစ်ပြည့်တဲ့အချိန်မှာ တိုက်ကြီး ၇ တိုက်လုံးကို ခရီးသွားခဲ့ပြီးဖြစ်တဲ့ ဝိုင်လ်ဒါ မက်ဂရော

travel1.jpg

ဝိုင်လ်ဒါ မက်ဂရော လို့ခေါ်တဲ့ အမေရိကန်လူမျိုးကလေးလေးဟာ အသက် ၇ နှစ်အရွယ်ရောက်ချိန်မှာ အန္တာတိကတိုက်အပါအဝင် တိုက်ကြီး ၇ တိုက်လုံးကို လည်ပတ်လို့ ပြီးသွားခဲ့ပါပြီ။ သူ့ရဲ့အလည်အပတ်ခရီးစဉ်ကို သူ ၈ ပတ်သားအရွယ်မှာ သူ့မိဘတွေနဲ့အတူ စတင်ခဲ့တာပါ။ ဒါကို သူ့ရဲ့မိဘတွေက မှတ်တမ်းတင်ထားခဲ့တာပါ။

ဝိုင်လ်ဒါက ၈ ပတ်သားအရွယ်မှာ ပေါ်တူကီကနေ ခရီးစဉ်စတင်ခဲ့ပြီး အသက် ၂ နှစ်မပြည့်ခင် ကာရစ်ဘီယံ၊ ကနေဒါနဲ့ မက္ကဆီကိုတို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူ အသက်ကြီးလာတာနဲ့အမျှ ဥရောပ၊ အာဖရိက၊ အာရှ၊ ဩစတြေးလျနဲ့ တောင်အမေရိကတွေဆီ ခြေဆန့်ခဲ့ပါတယ်။ တောင်အမေရိကကို မသွားခင်မှာ တိုက်ကြီး ၅ တိုက်ကို လည်လို့ပြီးသွားခဲ့ပါပြီ။

ဝိုင်လ်ဒါတို့မိသားစု နောက်ဆုံးစွန့်စားခန်းဖွင့်ခဲ့တာကတော့ အန္တာတိကတိုက်ဖြစ်ပြီး ဝိုင်လ်ဒါက အန္တာတိကတိုက်ပေါ် ခြေချခဲ့တဲ့ အငယ်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီခရီးစဉ်က ဝိုင်လ်ဒါရဲ့အမေ ဂျော်ဒီအတွက် ထူးခြားပါတယ်။ ဝိုင်လ်ဒါကို ကိုယ်ဝန်ဆောင်ထားစဉ်အတွင်း အန္တာတိကတိုက်ဆီ လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။

သူတို့ရဲ့ခရီးသွားစတိုင်က ခရီးမှတ်တိုင်တွေကို မှတ်သားဖို့တင်မဟုတ်ဘဲ မတူညီတဲ့ ယဉ်ကျေးမှုတွေကို တွေ့ကြုံခံစားဖို့နဲ့ ထာဝရအမှတ်တရတွေကို ဖန်တီးဖို့လည်းဖြစ်တယ်လို့ ဂျော်ဒီက ဆိုပါတယ်။ ခရီးသွားလာတာက ဝိုင်လ်ဒါကို ကမ္ဘာကြီးအပေါ် ယုံကြည်ချက်တွေရှိလာဖို့နဲ့ စိတ်ရှည်သည်းခံမှုကို မြှင့်တင်ပေးရာမှာ အကူညီဖြစ်စေမယ်လို့ ဂျော်ဒီယုံကြည်ထားပါတယ်။

Ref: Meet Wilder McGraw, Boy Who Travelled All 7 Continents By The Time He Turned 7

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top