ကားမတော်တဆမှုဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို တုံ့ဆိုင်းခြင်းမရှိဘဲ ကယ်တင်ခဲ့တဲ့ အထက်တန်းကျောင်းသားလူငယ်တစ်စု

17-8-2022-yyl-01.jpg

ဂျော်ဂျီယာနိုင်ငံက အထက်တန်းကျောင်းသားလူငယ်တစ်စုဟာ သူတို့ရဲ့ကိုယ်ကျိုးမဖက်တဲ့လုပ်ရပ်ကြောင့် ဟီးရိုးတွေအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ သူတို့က ဘယ်လိုကိုယ်ကျိုးမဖက်တဲ့လုပ်ရပ်မျိုး လုပ်ခဲ့လို့ ချီးကျူးခံခဲ့ရလဲဆိုရင် အဖြစ်အပျက်က ဒီလိုပါ။ အဲဒီကျောင်းသား (၆) ယောက် ကျောင်းကိုလာနေတုန်း သူတို့ရဲ့ကျောင်းရှေ့မှာ ကား (၂) စီးယာဉ်တိုက်မှုဖြစ်တာကို မြင်တွေ့လိုက်ရပါတယ်။ ကားတစ်စီးထဲက အမျိုးသမီးတစ်ဦးဟာ ကားတံခါးကျပ်နေတဲ့အတွက် ထွက်လို့မရဖြစ်နေခဲ့တယ်။ အဲဒီကျောင်းသားလေးတွေက တုံ့ဆိုင်းခြင်းမရှိဘဲ ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ ကားနားကို အပြေးသွားခဲ့ပြီး အဲဒီအမျိုးသမီးကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။

ကျောင်းသားလေးတွေက ကားတံခါးကို အားအကုန်သုံးပြီး ဖျက်ကာ အဲဒီအမျိုးသမီးကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီကျောင်းသားလေးတွေဟာ The Rome High School ကျောင်းဘောလုံးအသင်းက ဆီဆာ ပါခ်ကာ၊ ထရေဗွန် အာဒမ်စ်၊ အန်ဝီယမ် ကာရေး၊ မက်ဆီယာချ် ဒန်နီရယ်စ်၊ တိုင်ဆန် ဘရောင်း နဲ့ အယ်ဆို မိုရီတို့ပါ။

ယာဉ်တိုက်မှုဖြစ်တဲ့ အမျိုးသမီးကို ကျောင်းသားလေးတွေ ကယ်တင်ပေးခဲ့တာကို မျက်မြင်တွေ့ခဲ့သူရှိပါတယ်။ သူကတော့ အထက်တန်းကျောင်းရဲ့သင်္ချာဆရာ လူအစ် ဂိုရာပါ။ ဆရာလူအစ်က မနက်ခင်းပိုင်းတာဝန်ကျလို့ ကျောင်းကို လာခဲ့တဲ့အချိန်မှာ ကျောင်းသားလေးတွေ ကယ်တင်ပေးနေတဲ့မြင်ကွင်းကို မြင်ခဲ့ရတာပါ။ ဆရာကလည်း ၉၁၁ ကို ဖုန်းဆက်ပေးခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ အမျိုးသမီးကတော့ ပြတ်ရှဒဏ်ရာ၊ ပွန်းပဲဒဏ်ရာလောက်ပဲ ရခဲ့ပြီး ဒေသတွင်းဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီအမျိုးသမီးက သူ့ကားရှေ့လာတဲ့ ကားကို မတိုက်မီဖို့ရှောင်ရင်း အခြားကားတစ်စီးနဲ့ တိုက်မိသွားခဲ့တာပါ။ ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တာပါ။

Ref: People “High School Football Players Rescue Woman from Car After Crash: ‘They Went Above and Beyond to Help'”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top