လူတွေ ဆွံ့အသွားလောက်အောင် ဒရာမာခင်းတဲ့မြင်း

yyl-22-005.jpg

အခြားသက်ရှိသတ္တဝါတွေကလည်း ကျွန်တော်တို့လူသားတွေလို ရုပ်ရှင်ဆန်ဆန်ပြုမှုတတ်တဲ့အခိုက်အတန့်ရှိတယ်ဆိုတာကို မြင်းတစ်ကောင်က သက်သေပြထားပါတယ်။ ဂျင်ဂန်လို့အမည်ရှိတဲ့ မြင်းဟာ အလုပ်အရမ်းလုပ်ရတာကို မုန်းပြီး လူတွေချစ်မြတ်နိုးတာကို အလေးမထားတဲ့ပုံပါပဲ။ သူက တကယ်ကို ဉာဏ်ကြီးပြီး ရုပ်ရှင်ဆန်ဆန်ပြုမှုတတ်ပါတယ်။ သူ ဉာဏ်ကြီးပုံက လူတွေကို ရယ်ရမလိုငိုရမလိုနဲ့ ဆွံ့အသွားစေပါတယ်။

အဲဒီမြင်းဟာ အလုပ်မလုပ်ချင်တာကြောင့် ရှောင်နိုင်မယ့်နည်းကို ရှာခဲ့ပါတယ်။ အဲဒါကတော့ ရုပ်ရှင်ဆန်ဆန်ပါပဲ။ သေချင်ယောင်ဆောင်ခဲ့တာပါ။ သူ့အလုပ်ကို သေချင်ယောင်ဆောင်ပြီး ရှောင်ခဲ့တာကို အင်တာနက်အသုံးပြုသူ (၈၂,၀၀၀) ကျော်က မြင်တွေ့ခဲ့ပြီး နှစ်သက်သဘောကျလို့နေပါတယ်။

ဂျင်ဂန်က လူတွေ သူ့ကိုစီးမယ်လုပ်လိုက်တိုင်း သေချင်ယောင်ဆောင်တော့တာပါပဲ။ သူလုပ်လိုက်တဲ့အပြုအမူလေးက ပုံထဲမှာကြည့်လိုက်ရင် ရယ်ဖို့တော့ကောင်းပါတယ်။ သူခမျာ အလုပ်မလုပ်ချင်တော့လည်း လူတွေလို ဒရာမာခင်းရတာပေါ့။ သူ့ကို သရုပ်ဆောင်ကောင်းတဲ့မြင်းလေးလို့ ပြောရမှာပါပဲ။

Ref: Dramatic Horse Pretends To Be Dead Whenever People Try To Ride Him
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top