မက်ရှင်းဂန် ကယ်လီနဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီလို့ သတင်းထွက်ရှိနေတဲ့ မင်းသမီး မီဂန်ဖောက်စ်

7.2.2025-yyl-17.jpg

ဟောလိဝုဒ်မင်းသမီးချော မီဂန်ဖောက်စ်ဟာ အဆိုတော် မက်ရှင်းဂန်ကယ်လီနဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ မီဂန်ဖောက်စ်ဟာ ကယ်လီ ဖောက်ပြန်တယ်ဆိုတဲ့ ကောလဟာလတွေထွက်ရှိလာခဲ့ပြီးတဲ့နောက် ကယ်လီနဲ့ ဆက်ဆံရေးကို အဆုံးသတ်ချင်နေပြီး သူတို့ရဲ့ကလေးအတွက် ကယ်လီကို ဖခင်တစ်ယောက်အဖြစ် ရှိစေချင်ပေမဲ့ သူ့ကို ပြန်တော့မလိုချင်ဘူးလို့ သတင်းအရင်းအမြစ်တွေက ဆိုထားပါတယ်။

သူတို့စုံတွဲ ကလေးလေးပိုင်ဆိုင်ရတော့မယ်လို့ ကြေညာပြီး သီတင်းပတ်အနည်းငယ်အကြာ ဒီဇင်ဘာမှာ သူတို့ ၂ ဦး ပြတ်စဲကြတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး စကားအရှည်ကြီးတွေမပြောတော့ပေမဲ့ စာတိုတွေ အပြန်အလှန်တော့ပို့ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီဂန်က ကုစားဖို့အတွက် ကယ်လီနဲ့ အဆက်အသွယ်တွေဖြတ်ထားပါတယ်။ ကယ်လီကတော့ မီဂန်နဲ့ ပြန်အဆင်ပြေချင်နေတယ်လို့ သိရပါတယ်။

မီဂန်က ကယ်လီနဲ့ မတွဲခင် ၂၀၁၀ခုနှစ် ဇွန် ၂၄ မှာ မင်းသား ဘရိုင်ယန် အော်စတင် ဂရင်းနဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ မင်္ဂလာသက်တမ်း ၁၀ နှစ်နီးပါးအကြာမှာ သူတို့ ကွာရှင်းလိုက်ကြပါတယ်။ ကွာရှင်းပြီးစီးတာက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာပါ။

မီဂန်က ကယ်လီနဲ့ ဆက်ဆံရေးကို ၂၀၂၀ ခုနှစ် ဇွန်လမှာ ချပြခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က သူတို့ နှစ်ဦးစေ့စပ်လိုက်တယ်လို့ ကြေညာခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ စေ့စပ်ကြောင်းလမ်းခြင်းဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ မီဂန် ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

Ref: Megan Fox reportedly ends relationship with Machine Gun Kelly ‘for good’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply