အသက် ၉၅ နှစ်ပြည့်တဲ့အချိန်မှာ ချားလ်မင်းသားကို နန်းလွှဲပေးဖို့ ပြင်ဆင်နေတဲ့ အဲလိဇဘက် ဘုရင်မကြီး

nintchdbpict000339943076.jpg

၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထီးနန်းစတင်စိုးစံခဲ့ပြီး လက်ရှိအချိန်မှာ သက်တော် ၉၁ နှစ်ရှိနေပြီဖြစ်တဲ့ အဲလိဇဘက် ၂ ဘုရင်မကြီးဟာ ကမ္ဘာနန်းသက်အကြာဆုံး ဘုရင်မကြီးတစ်ပါးဖြစ်ပြီး သူမအသက် ၉၅ နှစ်ပြည့်တဲ့အချိန်မှာ ချားလ်မင်းသားကို ထီးနန်းလွှဲအပ်ဖို့ပြင်ဆင်နေပါတယ်။

သတင်းရင်းမြစ်များအရ ဘုရင်မကြီးဟာ သူ့ရဲ့အနီးကပ်လူယုံများကို သူမဟာ အသက် ၉၅ နှစ်အထိ ထီးနန်းပေါ်မှာ ရှိနေမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူမရဲ့သားတော်ကြီးဖြစ်တဲ့ ဝေလမင်းသားချားလ်ကို ဥပဒေအရ ထီးနန်းလွှဲအပ်ပေးတော့မှာဖြစ်တယ် လို့ပြောဆိုခဲ့ပါတယ်။ ဒါဟာ အဲလိဇဘက် ၂ ဘုရင်မကြီးရဲ့ ထီးနန်းစွန့်ခြင်းလည်းဖြစ်ပြီး ဘက်ကင်ဟမ်နန်းတော် (Buckingham Palace) ကတော့ မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့ပါတယ်။

တော်ဝင်နန်းတော်ရေးကျွမ်းကျင်သူ ရောဘတ် ဂျော့ဆင် (Robert Jobson) ကတော့ “ကျွန်တော် နန်းတော်မှ ရာထူးမြင့်မားတဲ့ ပုဂ္ဂိုလ်တော်တော်များများနဲ့  စကားပြောကြည့်တဲ့အခါ နန်းလွှဲဖို့အတွက် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေပြီလို့ဆိုကြပါတယ်။ ဒါ့အပြင် ချားလ်မင်းသား နန်းဆက်ခံမယ်ဆိုတာကို သူတို့အားလုံးအတည်ပြုပေးခဲ့ကြပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

နန်းတော်တွင်းမှ တာဝန်ရှိသူတစ်ဦးကတော့ “ဘုရင်မကြီးဟာ သူမရဲ့ အသက်အရွယ် ကြီးမြင့်လာတာကို သတိပြုမိပါတယ်။ ဒါကြောင့် ဘုရင်မကြီးဟာ အချိန်ကျလာတဲ့အခါ ချားလ်မင်းသားကို ထီးနန်းလွှဲအပ်ပေးဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ထီးနန်းလွှဲအပ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးက လွယ်လွယ်ကူကူဖြစ်သွားမှာပါ” လို့ပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာဆိုရင် ဘက်ကင်ဟမ်နန်းတော်မှ တာဝန်ရှိသူများဟာ ဝေလမင်းသားကို အာဏာလွှဲအပ်ပေးဖို့အတွက် ၁၉၃၇ ခုနှစ် ဝေမင်းသားကို အာဏာလွှဲအပ်ခြင်းဆိုင်ရာ ဥပဒေ (1937 Regency Act) အတိုင်း လုပ်ဆောင်ဖို့ ဆောင်ရွက်နေကြပြီး ဒီ ဥပဒေဟာ အကယ်၍ ဘုရင်မကြီး ကျန်းမာရေး တစ်ခုခုဖြစ်လာမယ်ဆိုရင် နန်းဆက်ခံသူကို အာဏာလွှဲအပ်ပေးမယ့်ဥပဒေလည်း ဖြစ်ပါတယ်။

Ref : Business Insider : The Queen is reportedly planning to hand over power to Prince Charles when she turns 95

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top