အမေရိကန် ကြက်မွေးမြူရေးကုမ္ပဏီ Pasturebird ကတော့ သူတို့ရဲ့ မွေးမြူရေးခြံတွေမှာ ဆိုလာစွမ်းအင်သုံး ရွှေ့လျားကြက်ခြံတွေကို အသုံးပြုလျက် ရှိပါတယ်။ ကြက်တွေကို မြေဓာတ် ရစေပြီး စိမ်းစိုနေတဲ့ မြက်ခင်းတွေမှာ ကျက်စားနိုင်စေဖို့ အခင်းမပါတဲ့ ရွေ့လျားကြက်ခြံတွေကို ဖန်တီးခဲ့တာပါ။

Automated Range Coop (ARC) လို့ အမည်ပေးထားတဲ့ ရွေ့လျားကြက်ခြံ တစ်ခြံမှာ ကြက်အကောင်ရေ ၆၀၀၀ အထိ ဆံ့ပြီး ခလုပ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ၅ မိနစ်အတွင်း စားကျက်သစ်တစ်ခုကို ရွှေ့ပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

နာဆာရဲ့ ဒုံးပျံတည်ဆောက်ရေး သိပ္ပံပညာရှင်တွေရဲ့ အကူအညီကို ရယူပြီး Pasturebird ကုမ္ပဏီက ရွေ့လျားကြက်ခြံတွေကို တည်ဆောက်ခဲ့တာပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် မွေးမြူရေးစနစ်ကို အသုံးပြုမှု ပိုများလာစေဖို့ရည်ရွယ်ပြီး အခုလို တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
Ref: Pasturebird introduces solar-powered robot chicken coop
NZ ( ရိုးရာလေး)