မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။
ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက “ကသင်းရိုး နှင့် ကန်သင်းရိုး” ရေးသားပုံပဲဖြစ်ပါတယ်။
“ကန်သင်းရိုး” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ အသံထွက်ကိုလိုက်ပြီး “ကသင်းရိုး” လို့ ကကြီးတစ်လုံးတည်းနဲ့ မှားရေးတတ်ကြပါတယ်။ တကယ်က “ကန်သင်းရိုး” လို့ ရေးမှသာ စာလုံးပေါင်း မှန်ကန်မှာဖြစ်ပါတယ်။
Team (ရိုးရာလေး)