ကိုယ်ခံပညာ သင်ယူသင့်သည့်အတွက် ရရှိမည့် အကျိုးကျေးဇူး ၅ ချက်

AAA_8187-1.jpg

ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသည် အာရှတိုက်၏ အကြွယ်ဝဆုံးသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်းရာပေါင်းများစွာကို အပြုသဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို လေ့ လာသင်ယူခြင်းဖြင့် ခန္ဓာကိုယ် လန်းဆန်းတက်ကြွစေသလို လူသားတစ်ယောက်အတွက် စံတန်ဖိုး၊ ဉာဏ်ပညာ၊ စည်းကမ်းသေဝပ်မှုနှင့် ကမ္ဘာသစ်အားရှုမြင် သုံးသပ်ပုံများ၌ အမြင်သစ်များ ရရှိနိုင်သည်။ ကလေးငယ်များမှသည် သက်ကြီးပိုင်းအရွယ်အထိ မည်သည့် အသက်အရွယ်ပင်မဆို ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို လေ့လာသင်ယူနိုင်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သင်ယူရာတွင် အတော်နောက်ကျနေပြီဟု သတ်မှတ်၍မရဘဲ မည်သည့်အရွယ်ပင်ဖြစ်စေ လေ့လာသင်ယူနိုင်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသင်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၅ ခုအကြောင်း ဖော်ပြလိုက်ပါသည်။

၁။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိခြင်း

ကိုယ်ခံပညာရပ်ကို သင်ယူခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်သည့်စွမ်းရည်များ ရရှိစေနိုင်ပြီး အခြားမည်သည့် လုပ်ဆောင်မှုကမှ ကိုယ်ခံပညာရပ်လောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိပါ။ လက်ဝှေ့၊ မွေထိုင်း၊ ဂျူဂျစ်ဆုစသည့် မည်သည့် ကိုယ်ခံပညာရပ်မဆို စည်းကမ်းတကျ လေ့လာသင်ယူခြင်းဖြင့် မိမိအား ခြိမ်းခြောက်လာသည့် အန္တရာယ်များအား လျော့ပါး သွားစေနိုင်မည့် အသိပညာများကို ရရှိနိုင်သည်။

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် Alain “The Panther” Ngalani၊ “Rock Man” Chen Lei၊Jungle Cat” Muhammad Aiman တို့သည် ၎င်းတို့အပေါ် အနိုင်ကျင့်ဗိုလ်ကျသူများ၏ ရန်မှ ကာကွယ်နိုင်ရန် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို သင်ကြားခဲ့သည်။ ၎င်းတို့သည် လေ့ကျင့်မှုပြုလုပ်ရသည်ကို ချစ်မြတ်နိုးပြီး စည်းကမ်းတကျသင်ယူခြင်းဖြင့် ONE Championship နှင့်အတူ ပြီးပြည့်စုံသော အသက်မွေးဝမ်းကြောင်း အလုပ်ကိုလည်း လုပ်ကိုင် နိုင်ခဲ့သည်။

၂။ အဆီပိုများဖယ်ရှားကာ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချနိုင်ခြင်း

ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအများစုသည် ချွေးထွက်လာစေသော်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ လေ့ကျင့်ခန်းကမူ ကိုယ်ခန္ဓာကို အဆက်မပြတ် ချိန်ညှိပေးနိုင်သောကြောင့် အကောင်းဆုံးသော ကာယလှုပ်ရှားမှုလည်းဖြစ်သည်။ ကိုယ်ခံပညာရပ်တစ်ခုကို စည်းစနစ်တကျ ပြင်းပြသည့်စိတ်ဆန္ဒဖြင့် တစ်နာရီသာ လေ့ကျင့်ပါက ခန္ဓာကိုယ် မည်သည့်နေရာမှမဆို ကယ်လိုရီ ၅၀၀ မှ ၁၀၀၀ ကြား လောင်ကျွမ်းစေသည်။ ကြွက်သားများ သန်မာစေသလို အဆီပိုများကိုလည်း ဖယ်ရှားပေးသောကြောင့် ကိုယ်အလေးချိန်ကိုလည်း လျော့ ကျစေသည်။ ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen၊ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Joshua “The Passion” Pacio တို့မှာ ယခင်က အဝလွန်သူများဖြစ်ခဲ့သော်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ရှာဖွေတွေ့ ရှိခဲ့ပြီးနောက် အလုံးစုံပြောင်းလဲသွားခဲ့သည်။ လေ့ကျင့်ရေး အစီအစဉ်များကို ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်က ထင်မှတ်မထားရလောက်အောင် ကျစ်လျစ်သွယ်လျသွားခဲ့သည်။

၃။ စိတ်ဖိစီးမှုကို သက်သာစေခြင်း

ကိုယ်ခံပညာသည် စိတ်ဖိစီးမှုများမှ သက်သာစေရန် ကြီးမားသော ထွက်ပေါက်တစ်ခုဖြစ်သည်။ စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးစား နေရသော လူသားတို့သည် စိတ်ဖိစီးမှုများနှင့် တစ်ကြိမ်မဟုတ်တစ်ကြိမ် ရင်ဆိုင်ရလေ့ရှိသည်။ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း၊ အပျက် သဘောဆောင်သော စွမ်းအားများသည် လူသားများကို ကြီးမားလေးလံသော လွယ်အိတ်ကြီးတစ်လုံးကို လွယ်ထားရသကဲ့သို့ ဖြစ်စေ သည်။ ကိုယ်ခံပညာရပ်တစ်ခုခုအား လေ့ကျင့်သင်ယူပါက စိတ်ဖိစီးမှုများ လျော့ပါးသက်သာစေသလို စိတ်နှလုံးအတွင်း ငြိမ်းချမ်းငြိမ် သက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်သည်။ ကိုယ်ခံပညာရပ်က လူသားများ၏ နေ့စဉ်ဘဝတွင် ရန်လိုမှုနှင့် စိတ်ဆိုးဒေါသထွက်မှုကို လျော့နည်း စေရန် အမှန်တကယ် ကူညီပေးနိုင်သည်။

၄။ မိတ်ဆွေကောင်းများ ရှာဖွေနိုင်ခြင်း

ကိုယ်နှစ်သက်သည့် ကိုယ်ခံပညာတစ်ခုခုကို ရွေးချယ်ကာ သင်တန်းတက်ရောက်ပါက သင်တန်းမှလေ့ကျင့်ပေးမည့်ပညာရပ်များသည် အနာဂတ်တွင် မိတ်ဆွေသူငယ်ချင်းကောင်းဖြစ် လာနိုင်သူ အတန်းဖော်အသစ်များနှင့် ချက်ချင်း အဆွေခင်ပွန်းဖွဲ့နိုင်ပါလိမ့်မည်။ ဖိလစ်ပိုင်နိုင်ငံ၏ အကျော်ကြားဆုံးကလပ်တစ်ခုဖြစ် သည့် Team Lakay ကို ကြည့်ပါက မိတ်ဆွေကောင်းများ စုစည်းနေထိုင်မှုကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Eduard “Landslide” Folayang၊ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Joshua Pacio၊ Danny “The King” Kingad၊ ONE ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Geje “Gravity” Eustaquio၊ ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံဟောင်း Kevin “The Silencer” Belingon တို့သည် ယခင်က သူစိမ်းများဖြစ်ကြသော်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို အတူလေ့ကျင့်သင်ယူခဲ့ပြီးနောက်ပိုင်း ညီအစ်ကိုရင်းတမျှ ချစ်ခင်ရင်းနှီးသော မိတ်ဆွေကောင်းများဖြစ်လာသလို အောင်မြင်မှုကို စုပေါင်းရယူနိုင်ခဲ့သည်။

၅။ ယုံကြည်မှုနှင့် နှိမ့်ချမှုကို ရယူနိုင်ခြင်း

ကိုယ်ခံပညာသည် ဘဝများကို အကောင်းဆုံးဖြစ်လာစေရန် ပုံသွင်းပေးနိုင်သလို မိမိ၏ အကျင့်စရိုက်များကိုလည်း ပိုကောင်းအောင် ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ ကိုယ်ခံပညာလေ့ကျင့်သင်ယူရာတွင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိရန် သင်ကြားရပြီး နှိမ့်ချမှုလည်းထား ရှိရမည်ဖြစ်သည်။ ထို့အပြင် နောက်ထပ်အရေးပါသည့်တစ်ချက်က ရှုံးနိမ့်သွားသောပြိုင်ဘက်၏ အရည်အချင်းကို အသိအမှတ်ပြုရန် အလေးထားသလို မိမိအား အနိုင်ယူသွားသည့် ပြိုင်ဘက်၏ စွမ်းဆောင်ရည်အပေါ် အားပေးချီးမြှောက်ရန်လည်း သင်ကြားပေးသည်။ ONE Championship တွင် ယှဉ်ပြိုင်လျက်ရှိသည့် ကစားသမားများတွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်နှင့် နှိမ့်ချမှုတို့ရှိသည်ကို မြင်တွေ့နိုင်ပါသည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top