ငယ်ငယ်လေးကတည်းက ပျောက်သွားရင်းက နှစ် (၃၀) ကြာမှ မိခင်အရင်းနဲ့ ပြန်ဆုံစည်းခဲ့သူ

yyl-018-11.jpg

ငယ်ငယ်ကတည်းက မိဘတွေနဲ့ ကွဲကွာခဲ့ပြီး နှစ်တော်တော်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ကြရတဲ့ ဇာတ်လမ်းတွေလည်း ရှိနေပါတယ်။ အခုလည်း အသက် (၃) နှစ်က ပျောက်သွားခဲ့ပြီးနောက် နှစ် (၃၀) ကြားမှ သားအမိ (၂) ယောက် ပြန်ဆုံစည်းခဲ့ရတဲ့ အဖြစ်အပျက်ရှိခဲ့တယ်လို့ တရုတ်သတင်းဌာနတွေအရ သိရပါတယ်။ အခု အသက် (၃၃) နှစ် ရှိပြီးဖြစ်တဲ့ လီ ကျန့် ဆိုတဲ့ အမျိုးသားဟာ ၁၉၈၉ခုနှစ်က ရှန်ရှီပြည်နယ်၊ ချောင်ကျီမြို့က သူ့ရဲ့နေအိမ်ကနေ ပျောက်သွားခဲ့တာပါ။ သူ့အိမ်အပြင်ဘက်မှာ သုံးဘီး စက်ဘီးကို စီးနေခဲ့တာက သူ့မိသားစု သူ့ကို နောက်ဆုံးမြင်ခဲ့တာပါပဲ။

အဲဒီနောက်မှာ မိသားစုတွေက ကျန့်ကျန့်လို့ ချစ်စနိုးနဲ့ခေါ်တဲ့ လီကျန့်ကို သူ့ရဲ့မွေးစားအဖေက ရဲစခန်းမှာတွေ့ပြီး အိမ်ကို ခေါ်သွားခဲ့ပါတယ်။ အဲဒီကနေ မိသားစုနာမည်ဖြစ်တဲ့ Chen အဖြစ် ပြောင်းလဲခဲ့ရပါတယ်။ သူ့မိဘအရင်းတွေက လီကျန့်ကို ရှာဖွေဖို့အတွက် ဘယ်တော့မှ လက်မလျော့ခဲ့ပါဘူး။ လူပျောက်ကြော်ငြာကပ်တာဖြစ်ဖြစ် သူတို့တတ်နိုင်သမျှ ရှာဖွေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၃၀) အတွင်းမှာ သူနဲ့ပတ်သက်ပြီး ဘာသတင်းမှမကြားခဲ့ရပါဘူး။ လီကျန့်ပျောက်သွားပြီးတဲ့နောက်မှာ အခြားသမီးတစ်ယောက်ရရှိခဲ့ပါတယ်။

လီကျန့်ရဲ့အဖေက သူ့သားပျောက်ရတာ သူ့ကြောင့်ဆိုတဲ့အပြစ်တင်စိတ်နဲ့ အရမ်းအလွန်အကျွံသောက်ပြီး လွန်ခဲ့တဲ့ (၁၀) နှစ်က သေဆုံးသွားခဲ့ပါတယ်။ သူ မသေခင်ကတော့ သူ့သားကို ရှာဖို့ သူ့ဇနီးကို မှာကြားခဲ့တယ်လို့ လီကျန့်ရဲ့ညီမက ပြောပါတယ်။ နှစ်တွေတော်တော်ကြာပြီး Tik Tok ဆိုတဲ့ ဗီဒီယိုမျှဝေတဲ့အက်ပလီးကေးရှင်း အသုံးပြုမှုကျယ်ပြန့်လာတာနဲ့ လီကျန့်ရဲ့ညီမက တစ်နေ့နေ့ သူကအစ်ကို ဗီဒီယိုကို မြင်စေချင်တဲ့ဆန္ဒနဲ့ Tik Tok ပေါ် လူပျောက်ကြော်ငြာကို တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ဝက် ဇွန်လမှာ ချောင်ရှီမြို့ရဲ့ ရဲစခန်းက သူတို့ရဲ့ဒေတာအချက်အလက်တွေထဲကနေ သူ့ရဲ့DNA နဲ့ သူ့မိဘတွေရဲ့ DNA ကိုက်ညီတာကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာ အဆက်အသွယ်ရရှိခဲ့ပြီး လီကျန့်နဲ့ မိဘအရင်းတို့ ပြန်လည်ဆုံဆည်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် သူတို့မိသားစုက ခံစားချက်တွေ မထိန်းနိုင်လောက်အောင် ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ကြပါတယ်။ လီကျန့်ရဲ့အမေဆိုရင် သူ ပျောက်သွားတော့ ဘယ်လောက်တောင် စိုးရိမ်ပူပန်လိုက်ရသလဲ၊ သူ့ကို ရှာဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားခဲ့လဲဆိုတာကို ထပ်ခါထပ်ခါပြောလို့နေပါတယ်။ လီကျန့်မိခင်အရင်းက သူ့သားကို ပြုစုပျိုးထောင်ပြီး ဂရုစိုက်စောင့်ရှောက်ခဲ့တဲ့ မွေးစားမိဘတွေကို ကျေးဇူးတင်လို့မဆုံးဖြစ်ခဲ့ပါတယ်။

Ref: Man reunites with biological mother in China 30 years after he went missing as a kid

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top