“The Queen”, “Frost/Nixon”, “Masters of Sex”, “Good Omens” ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသားမိုက်ကယ်ရှီက သူ့အိမ်နီးချင်းတွေရဲ့ အကြွေး ကန်ဒေါ်လာ ၁.၃ သန်းကို သူ့ရဲ့ကိုယ်ပိုင်တွေနဲ့ ဆပ်ပေးခဲ့ဖူးပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူ့ရဲ့မွေးရပ်မြေက လူပေါင်း ၉၀၀ ကို ကူညီပြီး အကြွေးဆပ်ပေးခဲ့တာပါ။ အခုလို သူ့ရဲ့ရက်ရက်ရောရောကူညီပေးမှုကို “Micheal Sheen’s One Million Pound Giveaway” ခေါင်းစဉ်နဲ့ မှတ်တမ်းရုပ်ရှင်မှာ အသေးစိတ်မြင်တွေ့ရမှာဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်မှာ သူ့ကိုယ်ပိုင်ငွေတန်ဖိုးထက် ၁၀ ဆ အဖိုးတန်တဲ့ အကြွေးတွေကို သူ ဝယ်ယူခွင့်ရလိုက်တယ်ဆိုတာကို ရှင်းပြထားပါတယ်။
သူ အကြွေးဆပ်ပေးတဲ့လူတွေက ဘယ်သူဘယ်ဝါဆိုတာကို သူမသိပါဘူး။ သူ သိတာဆိုလို့ သူ့ရဲ့မွေးရပ်မြေ Port Talbot တဝိုက် ဒေသမှာ နေထိုင်တယ်ဆိုတာပါပဲ။
Ref: Michael Sheen spent his own money to write off $1.3 million of neighbors’ debts
WL (ရိုးရာလေး)