Google Maps ရဲ့မှားယွင်းလမ်းပြမှုကြောင့် ကားပေါင်း (၁၀၀) နီးပါး နွံ့နစ်ပြီး ပိတ်ဆို့ခဲ့ရ

190626125105-02-colorado-google-maps-drivers-stuck-trnd-exlarge-169.jpg

နည်းပညာဆိုတာကလည်း အပြည့်အဝယုံကြည်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ကိုရိုရာဒို (Colorado) မြို့က ကားသမားပေါင်း (၁၀၀) နည်းပါးဟာ မြို့ထဲကလမ်းတွေက မီးပွိုင့်ကျပ်တယ်ဆိုပြီး Goggle Maps က ပြတဲ့လမ်းအတိုင်း လမ်းကြောင်းလွှဲသွားကြရာကနေ အဲဒီဖြတ်လမ်းမှာပါ ကားတွေတန်းစီ ပိတ်မိနေကြရတာပဲ ဖြစ်ပါတယ်။

ကိုရိုရာဒိုမြို့ရဲ့ လေဆိပ်ဆီသွားတဲ့လမ်း ပီန ဗိုလီဗတ်ထ် (Peña Boulevard) အဝေးပြေးလမ်းမကြီးဘက်မှာ ကားလမ်းကြောတွေ ကျပ်နေတဲ့အတွက် လမ်းလွှဲက သွားဖို့ Google Maps က ညွှန်ပြပေးခဲ့တာလည်း ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ Google Maps ညွှန်ပြပေးခဲ့တဲ့ ဖြတ်လမ်းဟာ ထွက်လမ်းမလွယ်တဲ့ ကွင်းပြင်ကြီးဘက်ကို ဦးတည်နေတာဖြစ်ပြီး အဲဒီနေ့ရာသီဥတုအခြေအနေအရ မိုးရွာသွန်းထားတဲ့အတွက် နွံ့တွေနဲ့ဖြစ်ကာ ကားဘီးတွေနွံ့ထဲနစ်ပြီး ထွက်မရပိတ်မိသွားကြတာပဲ ဖြစ်ပါတယ်။

အဲဒီထဲကမှ ကော်နီ မွန်ဆီးစ် (Connie Monsees) ဆိုတဲ့အမျိုးသမီးဟာ သူ(မ)ရဲ့အမျိုးသားကိုကြိုဖို့ လေဆိပ်ကို ထွက်လာခဲ့တာပါ။ “အဲဒီနေ့က ပုံမှန်လမ်းအတိုင်းသွားမယ်ဆို (၄၃) မိနစ်အနည်းဆုံးကြာမယ်ဆိုပြီး Google Maps ကပြနေလို့ အက်ပလီကေးရှင်းကပြတဲ့ (၂၃) မိနစ်ပဲ ကြာမယ့်ဖြတ်လမ်းကို ရွေးပြီးလာခဲ့တာပါ။ အစကတော့အရှေ့မှာ ကားတွေတွေ့လို့ အဆင်ပြေမယ်ပဲထင်တာပါ။ ထင်သလိုဖြစ်မလာခဲ့ပါဘူး” လို့ ကော်နီက ဆိုပါတယ်။

အက်ပလီကေးရှင်းကုမ္ပဏီဘက်ကတော့ “ကားလမ်းကြောင်းတွေအတွက် စဉ်းစားတဲ့နေရာမှာ တည်နေရာတွေ၊ ပတ်လမ်းတွေနဲ့ လမ်းညွှန်တွေ စသဖြင့် ကျွန်တော်တို့ အများကြီးထည့်သွင်းစဉ်းစားရတာတွေရှိပါတယ်။ ဝန်ဆောင်မှုကို အကောင်းဆုံးပေးဖို့အမြဲကြိုးစားနေတာဖြစ်လို့ ရာသီဥတုအပြောင်းအလဲလိုမျိုး မထင်မှတ်တဲ့အနေအထားမျိုး ဖြစ်လာတဲ့အခါမှာ ပြဿနာအနည်းငယ်ပေါ်ပေါက်လာနိုင်ပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ကော်နီရဲ့ကားကတော့ နွံ့ထဲကလွတ်ခဲ့ပြီး ကားပိတ်နေတဲ့ခရီးသည်နှစ်ယောက်ကိုတောင် လေဆိပ်ကို လူကြုံပို့ပေးခဲ့ပါသေးတယ်။

ဗီဒီယိုလေးကိုတော့ အောက်ကလင်ခ့်မှာ ကြည့်လို့ရပါတယ်။

https://bit.ly/2JeODlT

Ref : CNN “Nearly 100 drivers followed a Google Maps detour — and ended up stuck in an empty field”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top