လူတွေဆီက အခကြေးငွေယူပြီး ချီးမွမ်းစကားဆိုသူအဖြစ် အသက်မွေးဝမ်းကျောင်းတဲ့ ဂျပန်အမျိုးသား

4.1.2025-yyl-8.png

ဂျပန်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ လူတွေဆီမှ အခကြေးငွေယူပြီး ချီးမွန်းခန်းဖွင့်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း နေပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ Fuji TV က သူ့အကြောင်း ဇာတ်လမ်းတို ရိုက်ကူးပြသခဲ့ပြီးနောက် Uncle Praise (ချီးမွမ်းသူကြီးလို့ လူသိများ)ကို လူသိများလာခဲ့တာပါ။

အသက် ၄၃ နှစ်အရွယ်ရှိတဲ့ Uncle Praise ဟာ တိုချီဂီမြို့မှ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သူပါ။ လောင်းကစား ဝါသနာထုံလွန်းလို့ အလုပ်ပြုတ်ပြီး မိသားစုရဲ့ အဆက်အသွယ်ဖြတ်ခြင်းကိုပါ ခံခဲ့ရတာပါ။ ဒီလိုနဲ့ လမ်းပေါ်မှာ လေလွင့်ခဲ့တဲ့ Uncle Praise ဟာ စားဝတ်နေရေးအတွက် တစ်ခုခုလုပ်ဖို့ စဉ်းစားခဲ့ပေမဲ့ မျက်လှည့်ပြတာ၊ သီချင်းဆိုတာမျိုးလည်း သူမလုပ်တတ်ပါဘူး။ ဒါနဲ့ပဲ လူတွေဆီက အခကြေးငွေယူပြီး ချီးကျူးစကားပြောပေးဖို့ အကြံရခဲ့တာပါ။

သူဟာ စစချင်းတော့ လူတွေရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး ဘယ်လိုကြည့်ကောင်းကြောင်း၊ ဘယ်လို စိတ်ထားကောင်းကြောင်း ချီးကျူးလေ့ရှိပေမဲ့ နောက်ပိုင်းမှာတော့ ရှုထောင့်မျိုးစုံကနေ ချီးကျူးနိုင်စွမ်း ရှိလာခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ လူသိများလာခဲ့ပြီးနောက် ဂျပန်နိုင်ငံတစ်ဝန်း လှည့်လည်သွားလာခဲ့ပြီး ဂျပန်နိုင်ငံရဲ့ စီရင်စု ၄၇ ခုအနက် ၃၁ ခုအထိ ရောက်ရှိခဲ့ပါတယ်။ သူဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို လူ ၃၀ နှုန်းအထိ ချီးကျူးစကားဆိုခွင့်ရပြီး တစ်နေ့ကို ယန်း ၁၀၀၀၀ ( အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ) ဝန်းကျင် ရှာဖွေနိုင်လျက် ရှိပါတယ်။

Ref: Middle-Aged Man Makes a Living Praising Strangers on the Street
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top