၁၈ လက်မအထိ ကြီးထွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးမျှော့မျိုးစိတ်

21.3.24-yyl-6.jpg

ပုံမှာ မြင်ရတာကတော့ ၁၈ လက်မလောက်အထိ ကြီးထွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး မျှော့မျိုးစိတ်ဖြစ်ပြီး အမေဇုန်မျှော့ကြီးမျိုးစိတ်(Amazonian Giant Leech)လို့ အမည်ပေးထားပါတယ်။ ဒီမျှော့မျိုးစိတ်ကို ပြင်သစ်နိုင်ငံပိုင် ဂူယာနာကျွန်းနဲ့ ဘရာဇီးနိုင်ငံမှ နေရာတချို့မှာပဲ တွေ့ရနိုင်ပါတယ်။

အီတလီနိုင်ငံသား သဘာဝပတ်ဝန်းကျင်သမား ဂီလီယာနီက ၁၈၄၉ ခုနှစ်မှာ Amazonian Giant Leech ကို စတင်တွေ့ရှိခဲ့တာပါ။ ကျွဲ၊ နွား၊ မြင်းတွေကို နာရီပိုင်းအတွင်း သေအောင် သွေးစုပ်နိုင်တဲ့ မျှော့တွေရှိတယ်လို့ ၁၈၉၉ ခုနှစ်မှာ ရေးသားဖော်ပြခဲ့ဖူးပြီး အမေဇုန်မျှော့ကြီးမျိုးတစ်ကောင်ရဲ့ သွေးစုပ်နှုန်းက တစ်မိနစ်ကို ၄ မီလီလီတာကနေ ၁၅ မီလီလီတာအထိ ရှိတယ်လို့ ဆိုပါတယ်။

အမေဇုန်မျှော့ကြီးမျိုးစိတ်မှာ အပ်နဲ့တူပြီး ချွန်ထက်တဲ့ သွေးစုပ်တံတွေရှိပြီး ၁၀ စင်တီမီတာလောက်အထိ ရှည်လျားပါတယ်။ ဒါပေမဲ့ လူရဲ့အရေပြားကို သွေးစုပ်တံနဲ့ မထိုးခင် ထုံစေတဲ့ အရည်တစ်မျိုး ထုတ်လွှတ်လေ့ရှိတာကြောင့် နာကျင်မှုခံစားရမှာတော့ မဟုတ်ပါဘူး။

အမေဇုန်မျှော့ကြီးမျိုးစိတ်မှာ သွေးမစုပ်ရရင်တောင် လပေါင်းများစွာကြာ အသက်ရှင်နိုင်စွမ်းရှိပါတယ်။ အဲဒီလိုကာလမျိုးမှာ အကောင်သေးငယ်နေမှာဖြစ်ပေမဲ့ တစ်ကြိမ်သွေးစုပ်လိုက်ရရင် ခန္ဓာကိုယ်အလေးချိန် ၃ ဆကနေ ၆ ဆအထိ တက်လာနိုင်ပြီး အရွယ်အစား သိသိသာသာ ကြီးထွားလာမှာပါ။

Ref: Living Nightmare – The World’s Largest Leech Can Grow Up to 18 Inches Long

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top