အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေကျင့်မယ့် အစီစဉ်ကို ရွှေ့ဆိုင်းဖွယ်ရှိနေတဲ့ တောင်ကိုရီးယား

25550209_1663800613676072_8533127852629423477_n.jpg

တောင်ကိုရီးယား သမ္မတမွန်ဂျေအင် (Moon Jae-in)က မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကို လျှော့နိုင်စေဖို့ အမေရိကန်နဲ့ပြုလုပ်မယ့် စစ်ရေးလေကျင့်မှုကို ရွှေဆိုင်းဖွယ်ရှိတယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်က ပြောလိုက်ပါတယ်။

စစ်ရေးလေကျင့်မှု ရွှေဆိုင်း၊ မဆိုင်းဆိုတာဟာလည်း လာမယ့်သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်နေတယ်လို့ တောင်ကိုရီးယား သမ္မတကပြောပါတယ်။ တောင်ကိုရီးယားသမ္မတက တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း မြောက်ကိုရီးယားအားကစားသမားတွေ ပါဝင်စေလိုပေမဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပချိန်မှာမြောက်ကိုရီးယားနိုင်ငံက မတည်ငြိမ်မှုတွေဖြစ်အောင်လုပ်မှာကိုစိုးရိမ်မှုတွေရှိနေပြီး တာဝေးပစ်ဒုံးကျည် စမ်းသပ်မှု ဒါမှမဟုတ် ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်မှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

အမေရိကန် နဲ့တောင်ကိုရီးယားနိုင်ငံကြား ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေကျင့်မှု ရွေဆိုင်းဖို့ ပြန်သုံးသပ်မှုတွေရှိနေပေမယ့် အရာအားလုံးဟာ မြောက်ကိုရီးယားရဲ့ အပြုမှုတွေနဲ့ သက်ဆိုင်တယ်လို့ သမ္မတ မွန်ဂျေအင်ကပြောပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကတော့ ပူးတွဲစစ်ရေးလေကျင့်မှုဟာ ကာကွယ်ရေးအတွက်သာ ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် အဲဒီ စစ်ရေးလေကျင့်မှုတွေဟာ ဒေသအတွင်း တင်းမာမူတွေဖြစ်စေခဲ့တဲ့ အဓိက အရင်းမြစ်ဖြစ်နေပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ ပူးတွဲစစ်ရေးလေကျင့်မှုကို ပြစ်တင်ထားပြီး အဲဒီလေကျင့်မှုတွေဟာ ကျူးကျော်မှုအတွက် ပြင်ဆင်နေတာလို့ စွပ်စွဲထားပါတယ်။ အမေရိကန် နဲ့တောင်ကိုရီးယားနိုင်ငံက ပူးတွဲစစ်ရေးလေကျင့်မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ခိုက်မှု ရှိလာချိန်မှာ ကာကွယ်မှု ပိုမိုကောင်းမွန်ဖို့ ကြိုတင်ပြင်ဆင်တာလို့ ပြောထားပါတယ်။ ဆောင်းရာသီမှာ ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေကျင့်မှုမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင် သောင်းချီ ပြုလုပ်လေ့ရှိပါတယ်။

Ref : Guardian : South Korea president suggests joint drills with US could be suspended

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top