COVID-19 ကြောင့် အလှမယ်သရဖူကို စွန့်လွှတ်ပြီး ဆရာဝန်တစ်ယောက်အဖြစ် ပြန်လာခဲ့တဲ့ Miss England အလှမယ်

6-4-2020-yyl-045.jpg

၂၀၁၉ခုနှစ်မှာ Miss England သရဖူကို ဆောင်းခဲ့တဲ့ အလှဘုရင်မ ဖာရှ မူခါဂျီဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဆရာဝန်အလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့အတွက် နိုင်ငံရပ်ခြားပရဟိအလုပ်တွေလုပ်နေရာကနေ UK ကို ပြန်လာခဲ့ပါပြီ။ သူဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ Miss World အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ဆရာဝန်အလုပ်ကို နားထားခဲ့ပါတယ်။ Miss England သရဖူကို ဆောင်းခဲ့ပြီး အင်္ဂလန်ကိုယ်စားပြု အလှမယ်ဖြစ်လာခဲ့ပါတယ်။

ပရဟိတလုပ်ငန်း တော်တော်များများအတွက် ambassador တစ်ယောက်အဖြစ် ဖိတ်ကြားခံခဲ့ရတဲ့အတွက် အခုနှစ်သြဂုတ်လအထိ ပရဟိအလုပ်တွေကို အာရုံစိုက်ချင်တဲ့အတွက် ဆရာဝန်အလုပ်ကို စွန့်လွှတ်ခဲ့တာပါ။ “ကျွန်မကို Ambassdor တစ်ယောက်အဖြစ် အာဖရိက၊ တူရကီ၊ ပါကစ္စတန်နဲ့ အခြားအာရှနိုင်ငံတွေဆီ ပရဟိတအလုပ်တွေလုပ်ကိုင်ဖို့အတွက် ဖိတ်ကြားခံခဲ့ရပါတယ်” လို့ ဖာရှကပြောပါတယ်။ မတ်လအစမှာ ဖာရှက Coventry Mercia Lions Club ကိုယ်စား အိန္ဒိယနိုင်ငံကို လေးပတ်တာ ရောက်ရှိနေခဲ့တာပါ။ အဲဒီပရဟိတအဖွဲ့နဲ့အတူ ကျောင်းသုံးပစ္စည်းတွေလှူဒါန်းဖို့ ကျောင်းကို အလည်သွားခဲ့သလို စွန့်ပစ်ခံမိန်းကလေးတွေအတွက် ငွေကြးလှူဒါန်းခဲ့ပါတယ်။

ဒါပေမဲ့ UK မှာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဆိုးရွားခဲ့တဲ့အတွက် အလုပ်ဟောင်းက လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့အတွက် ဒီအခြေအနေတွေက ဘယ်လောက်ခက်ခဲလဲဆိုတာကို ပြောပြနေခဲ့ပါတယ်။ ဒါကြောင့် ဖာရှက သူ အလုပ်ကို ပြန်လာချင်တာကို ပြောဖို့အတွက် the Pilgrim Hospitalရဲ့စီမံခန့်ခွဲရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းကလူတွေသေဆုံးနေကြပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အရမ်းကြိုးစားနေရတဲ့အတွက် Miss England သရဖူကို ဆောင်းခဲ့တာ မှားတယ်လို့ ခံစားမိခဲ့တယ်လို့ ဖာရှက ဆိုပါတယ်။ သူ အိမ်ကို ပြန်လာချင်ခဲ့ပြီး အလုပ်ဆီ တန်းသွားချင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ဖာရှက ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယကနေ UK ကို ပြန်လာခဲ့ပါတယ်။ သူဟာ Pilgrim Hospital မှာ ဆရာဝန်တစ်ယောက်အဖြစ် အလုပ်မစခင်မှာ နှစ်ပတ်တာ သီးခြားနေထိုင်ရမှာဖြစ်ပါတယ်။ သူက အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆေးဝါးအတွက် အထူးပြုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ဆရာဝန်တွေကို လိုအပ်နေတဲ့နေရာတွေဆီ ဆရာဝန်တွေက အလှည့်ကျတာဝန်ထမ်းဆောင်နေရပါတယ်။

လက်ရှိအချိန်မှာတော့ UK မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၄၇,၈၀၆) ဦးနဲ့သေဆုံးသူ (၄,၉၃၄) ဦးရှိနေပါပြီ။

Ref:
Miss England hangs up her crown to return to work as doctor during coronavirus pandemic
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top