၁။ ကြိုးစားတဲ့ သူတိုင်းအတွက် နေရာတစ်ခု ရှိတယ်
မိမိကိုယ်ကိုယ် အားမရဘူးဆိုတာဟာ အခြားသူတွေနဲ့ နှိုင်းယှဉ်နေလို့ပါပဲ။ နှိုင်းယှဉ်ပါ။ သို့သော် ကိုယ်လုပ်နိုင်တဲ့ အလုပ်ကိုပဲ အကောင်းဆုံးလုပ်ပါ။ ကြိုးစားပါ။ သူများတွေနဲ့ အရမ်းကြီးနှိုင်းယှဉ်တာဟာ မိမိစိတ်ကို ပိုပြီးအားငယ်စေပါလိမ့်မယ်။
၂။ မရောင့်ရဲတတ်ခြင်း
တစ်ခုခုဆိုရင် အရမ်းချမ်းသာတဲ့သူတွေနဲ့ ယှဉ်ပြီးတော့ မိမိဘဝကိုအားမရ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း မိမိရှိတဲ့ပစ္စည်းဥစ္စာတွေနဲ့ အတူ မရောင့်ရဲတတ်တာကြောင့်ပါ။ ကြိုးစားရှာဖွေပါ။ သို့သော် ရရှိလာတဲ့ရလဒ်ကို ရောင့်ရဲတတ်မှသာလျှင် စိတ်ချမ်းသာစေပါလိမ့်မယ်။
၃။ ကိုယ့်ထက်နိမ့်ကျတဲ့ ဘဝတွေ
ကိုယ့်ဘဝကို အားမရတဲ့အချိန်မှာ ကိုယ့်ထက်နိမ့်ကျနေတဲ့ ဘဝလေးတွေကိုလည်း တစ်ခါတစ်လေ ပြန်ကြည့်သင့်တယ်။ ဒါမှ မိမိဟာ ဘယ်အနေအထားမှာ ရှိနေတယ်ဆိုတာကို သိရှိစေပါလိမ့်မယ်။
၄။ ရမ်းပြီး အားမကျမိစေနဲ့
မိမိပိုင်ဆိုင်မူ နည်းလို့ ကိုယ့်ဘဝကိုယ် အားမရဖြစ်နေချိန်မှာ ပိုင်ဆိုင်မူများတဲ့သူတွေမြင်ပြီး ရမ်းပြီးအားကျဖို့ မလိုအပ်ပါတယ်။ အားကျတယ်ဆိုတာ ကောင်းတဲ့အားကျမူရှိသလို မကောင်းတဲ့အားကျမူလည်း ရှိပါတယ်။ ရိုးသားစွာရှာဖွေပြီး ကြိုးစားစွာအလုပ်လုပ်ကိုင်တဲ့သူတွေကိုသာ အားကျတာ အကောင်းဆုံး ဖြစ်ပါတယ်။
၅။ ပျော်အောင်နေပါ
ဘဝမှာ ပျော်အောင်နေတတ်ဖို့က အရေးကြီးပါတယ်။ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ပျော်အောင်နေတတ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိဟာလည်း ကိုယ့်ဘဝကိုအားမရချိန်မှာ ပျော်အောင်နေပါ။ နေတတ်အောင်လည်း ကြိုးစားပါ။
Team (ရိုးရာလေး)