မျောက်လေးပန်ချီနဲ့အတူ လူသိများနေတဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း ၂ ဦး

japan.jpg

ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေတဲ့ ဂျပန်မျောက်ကလေး ပန်ချီကွန်းနဲ့ ဗီဒီယိုတွေမှာ အများဆုံးတွေ့ရတဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေကတော့အသက် ၂၄ နှစ်အရွယ် ခိုဆုခဲ ရှိခါနို နဲ့ အသက် ၃၄ နှစ်အရွယ် ရှန်ပိုင်မီရာခိုရှိတို့ပါပဲ။ သူတို့ ၂ ဦးက Ichikawa City Zoo ရဲ့တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းခေါင်းဆောင်တွေဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ပန်ချီကို မိခင်ဖြစ်သူက စွန့်ပစ်ခဲ့ပြီးနောက် ပန်ချီကို မွေးမြူပေးခဲ့တာပါ။

အခြားမျောက်တွေနဲ့ သယဇာတမဖြစ်တဲ့ ပန်ချီကို မျောက်ရုပ်ပေးခဲ့တာကလည်း သူတို့နှစ်ဦးပါပဲ။ ပန်ချီလေး အထီးမကျန်ဘဲ ပွေ့ဖက်ခင်တွယ်မှုတွေရအောင် မျောက်ရုပ်ကို သီးသန့်ရွေးချယ်ပေးခဲ့ကြတာပါ။

ပန်ချီဆိုတဲ့ နာမည်ကို ပေးခဲ့တာက ရှန်ပိုင်မီရာခိုရှိပါ။ ကလောင်နာမည် Monkey Punch နဲ့ နာမည်ကြီးဂျပန် Manga ရေးဆရာ ခါဇူဟိခို ခါတိုကို အစွဲပြုပြီး ပန်ချီလို့ အမည်ပေးခဲ့တာပါ။

ခိုဆုခဲ ရှိခါနို အစာလာကျွေးတိုင်း ပန်ချီက သူ့ရဲ့ခြေထောက်နဲ့ လက်ကို မလွတ်တမ်း ဖက်တွယ်လေ့ရှိတာကို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာ မကြာခဏတွေ့ရပါတယ်။ ပန်ချီနဲ့ သူတို့ရဲ့အပြန်အလှန်ဆက်ဆံမှုက ပန်ချီ လိုအပ်နေတဲ့ နွေးထွေးလုံခြုံမှုကို ပေးစွမ်းရာရောက်တယ်လို့ ခိုဆုခဲက ဆိုထားပါတယ်။

အခုဆို ခိုဆုဆဲနဲ့ ရှန်ပိုင်မီရာခိုရှိတို့ဟာ ပန်ချီကို အခြားမျောက်တွေနဲ့အတူ သဟဇာတဖြစ်ပြီး နေထိုင်နိုင်ဖို့ ဂရုတစိုက်စောင့်ကြည့်လို့နေပါတယ်။

Ref: Monkey Punch’s Zookeepers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top