ငယ်ဘဝပုံရိပ်တွေကို ပြန်ဖန်တီးပြီး မိခင်ရဲ့ အသက် (၇၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုခဲ့တဲ့ မောင်နှမ (၂) ဦး

31-8-2020-yyl-036.jpg

ငယ်ဘဝတုန်းကအရာမှန်သမျှက အသက်အရွယ်ရလာတာနဲ့ ပြန်အောက်မေ့ဖွယ်ကောင်းတဲ့ အမှတ်တရတွေပါပဲ။ ဘယ်သူမဆို ငယ်ဘဝကို အောက်မေ့မိကြမှာပါ။ ငယ်ဘဝက အချိန်တွေဆီကို ပြန်သွားချင်တဲ့သူတွေလည်း ရှိကြမယ်ထင်ပါတယ်။ အတိတ်က ကောင်းတဲ့အရာတွေက လူတိုင်းရဲ့ရင်ထဲမှာ ထာဝရကျန်နေမယ်ဆိုတာ အသေအချာပါပဲ။

ငယ်ဘဝကပုံရိပ်တွေကို အမှတ်တရအနေနဲ့ အရွယ်ရလာရင် ပြန်ကြည့်လို့ရအောင် ဓာတ်ပုံရိုက်ထားပြီး သိမ်းထားကြရပါတယ်။ တချို့ဆို ငယ်ဘဝကပုံရိပ်တွေကို အသက်အရွယ်ရလာတဲ့အချိန်မှာ ပြန်ပြီးပုံဖော်ဖန်တီးတတ်ကြပါသေးတယ်။ လက်ထရယ်အလစ်မိုး(Lateral Alice Moore) ဆိုတဲ့ အမျိုးသမီးကလည်း သူ့အစ်ကိုနဲ့ အတူ ရိုက်ကူးခဲ့တဲ့ ငယ်ဘဝပုံရိပ်တွေကို ပြန်လည်ပုံဖော်ရိုက်ကူးခဲ့ပါတယ်။

COVID-19 ကပ်ရောဂါအချိန်အတွင်းမှာအလစ်မိုးက သူ့အစ်ကိုနဲ့ ငယ်ဘဝပုံရိပ်တွေကို ပြန်လည်အသက်သွင်းခဲ့တာပါ။ အခုလို ပြန်လည်ပုံဖော်ဖြစ်ခဲ့တာက သူ့အမေရဲ့ အသက် (၇၀) ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ပါတဲ့။ အလစ်မိုးရဲ့အမေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အသက် (၇၀) ပြည့်သွားခဲ့တာပါ။

ကိုဗစ်မဖြစ်ခင်က သူ့အမေရဲ့မွေးနေ့ရောက်ရင် မိသားစုအတူခရီးထွက်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ကပ်ရောဂါဖြစ်ပွားတော့ နိုင်ငံနဲ့ မြို့တော်တော်များများကို Lockdown ချခဲ့တဲ့အတွက် သူတို့စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် အလစ်မိုးက သူ့အစ်ကိုနဲ့အတူ သူတို့အမေကို ဂုဏ်ပြုပေးဖို့အတွက် နည်းလမ်းရှာခဲ့ကြပါတယ်။ သူတို့စဉ်းစားမိခဲ့တာက သူတို့အမေ ရိုက်ပေးခဲ့တဲ့ သူတို့မောင်နှမရဲ့ငယ်ဘဝပုံရိပ်တွေကို ပြန်လည်ဖန်တီးမယ်ဆိုတာပါပဲ။

အလစ်မိုးရဲ့အမေက သူတို့မောင်နှမကို နှစ်တိုင်းဓာတ်ပုံရိုက်ပေးလေ့ရှိတဲ့အမေမျိုးပါ။ သူတို့အမေရိုက်ပေးခဲ့တဲ့ ငယ်ဘဝပုံရိပ်တွေကို သူ့အမေရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ဖန်တီးဖြစ်ခဲ့ပါတော့တယ်။ ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ပုံထဲက နောက်ခံရှုခင်းတွေတူအောင် ဖန်တီးလုပ်ယူခဲ့ကြရပါတယ်။

ငယ်ဘဝပုံရိပ်တွေကို ပြန်လည်ဖန်တီးထားတဲ့ အလစ်မိုးတို့မောင်နှမရဲ့ဓာတ်ပုံတွေက လူတွေရဲ့မျက်နှာကို အပြုံးပန်ဆင်စေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အလစ်မိုးတို့မောင်နှမက ငယ်ဘဝပုံရိပ်တွေနဲ့ တတ်နိုင်သလောက်တူအောင် ပြန်လည်ဖန်တီးပုံဖော်ထားတယ်ဆိုတာ စာဖတ်ပရိသတ်တွေ တွေ့ရပါလိမ့်မယ်။ သူတို့တွေ ဘယ်လောက်ကြိုးစားဖန်တီးထားလဲဆိုတာ ဓာတ်ပုံတွေထဲမှာ ကြည့်လိုက်ကြနော်..။

Ref: Boredpanda “My Brother & I Celebrated Our Mom’s 70th Birthday By Recreating Childhood Photos”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top