ထီပေါက်တဲ့ငွေတွေထဲက ၃ ပုံ ၂ ပုံ ခန့်ကို လှူဒါန်းလိုက်တဲ့ မိသားစု

42855210_1388802557918153_3396179354189824000_o.jpg

အသက် ၇၂ နှစ်ရှိပြီ ဖြစ်တဲ့ ပါလီမေး စမစ်သ်နဲ့ သားသမီး ၇ ယောက်တို့ဟာ နယူးဂျာစီရဲ့ ဂျက်ခ်ပေါ့ထီမှာ ဒေါ်လာ ၄၂၉.၆ သန်း ကံထူးခဲ့ပြီး ၂၈၄ သန်းကို ဘုရားကျောင်းတွေ၊ ဖောင်ဒေးရှင်းတွေမှာ လှူဒါန်းခဲ့ပါတယ်။ ပေးစရာရှိတဲ့ အကြွေးတွေ၊ ချေးငွေတွေ ပြန်ဆပ်ကာ အပျော်ခရီးထွက်ခဲ့ကြပြီးတဲ့ နောက်မှာတော့ ၁၀% ကို ဘုရားကျောင်း ဆောက်ရာမှာ အသုံးပြုပြီး စမစ်သ်မိသားစု ဖောင်ဒေးရှင်းကိုပါ ထူထောင်ခဲ့ပါတယ်။

စမစ်သ်မိသားစု ကံထူးခဲ့တဲ့ဆုမဲဟာ ဂျက်ခ်ပေါ့ခ်ထီမှာတော့ အကြီးမားဆုံးဆု ဖြစ်ပြီး ပါဝါဘော (Powerball) မှာတော့ ၆ ခုမြောက် အကြီးမားဆုံး ဆုကြေးဖြစ်ပါတယ်။ ”ဒါဟာ ဘုရားသခင် အလိုတော်အရပါ။ သူရည်ရွယ်ထားတဲ့သူတွေဆီကို ဒီပ်ိုက်ဆံတွေကို အရောက်ပို့ပေးခဲ့တာပါ” လို့ ဂျက်ခ်ပေါ့ ရဲ့ အမှူဆောင် ဒါရိုက်တာ နန်နယ်လီက ပြောပါတယ်။ မိသားစု ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်က လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပါတယ်။

စမစ်သ်ဟာ ဘုရားသခင်က သူပေါက်ခဲ့တဲ့ ထီလက်မှတ်နံပါတ်ကို အိမ်မက်ပေးခဲ့တာဖြစ်ပြီး သူကလည်း ထီပေါက်ခဲ့ရင် ၁၀ ရာခိုင်နှုန်းကို ဘုရားကျောင်းတွေ အတွက် သုံးပါမယ်လို့ ကတိပေးခဲ့တယ်လို့ ပြောပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေက သူ့ရဲ့ကတိအတိုင်း သူသင်းအုပ်ဆရာ လုပ်နေတဲ့ ထရန်တန် (Trenton) မြို့က ကယ်လ်ဗာရီ ပန်တန်ကိုစ်တယ်လ် (Calvary Pentecostal) ဘုရားကျောင်းကို ၁၀ ရာခိုင်နှုန်း လှူဒါန်းခဲ့ပြီး ဘရစ်ဂ်ျတန်မြို့မှာလည်း ထိုင်ခုံ ၄၀၀ ပါတဲ့ ဘုရားကျောင်းအသစ်ကို ဆောက်လုပ် လှူဒါန်းခဲ့ပါသေးတယ်။

မိသားစု ဖောင်ဒေးရှင်းအနေကတော့ ၂၀၁၆ တစ်နှစ်တည်းမှာတင် ဒေါ်လာ ၈ သန်းနဲ့ စတင်ခဲ့ပြီး အဲဒါအပြင် ဒေါ်လာ ၇၈၀,၄၈၃ ကို ထပ်မံလှူဒါန်းခဲ့ပါသေးတယ်။ ယခုအချိန်မှာတော့ ၁၆ သန်းအထိ လှူဒါန်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ၃ ဒေါ်လာတန် ထီလက်မှတ်ကြောင့် ၂၈၄ သန်း လှူဒါန်းနိုင်တဲ့အထိ ကံထူးခဲ့တာဖြစ်ပါတယ်။ စမစ်သ်မိသားစု ဖောင်ဒေးရှင်းအကြောင်း လေ့လာချင်ရင်တော့ www.sffnj.org ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

စမစ်သ် ပေါက်ခဲ့တဲ့ ထီဟာ ဒေါ်လာ ၄၂၉.၆ သန်း ဖြစ်ပြီး ဒါဟာ အမေရိကန်သမိုင်းမှာ ၁၈ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီထီကို ပြည်နယ် ၄၄ ခု (စုစုပေါင်း ၅၀ ရှိ) နဲ့ ဝါရှင်တန် ဒီစီ,ပျူရာတို ရီကို နဲ့ ဗာဂျင် အိုက်စ်လန်း တို့မှာ ကံစမ်းလို့ရပါတယ်။

Ref: Dailymail ”New Jersey’s largest powerball jackpot winner spent money on charity”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top