ဆော်ကြည်အောင် ဗိုလ်မှူးကြီးယောင်ဆောင်ခဲ့တဲ့ တရုတ်အမျိုးသား အဖမ်းခံရ

23-12-2022-yyl02.jpg

အမျိုးသမီးတွေ အထင်ကြီး သဘောကျအောင် ဗိုလ်မှူးကြီးယောင်ဆောင်ခဲ့တဲ့ တရုတ်အမျိုးသားဟာ မကြာသေးခင်က ဖမ်းဆီးခံခဲ့ရပါတယ်။ ကျိုးလို့ အမည်ရတဲ့ အမျိုးသားဟာ ဝတ်စုံပြည့် ဝတ်ဆင်ပြီး အော့မြို့နယ် ကိုဗစ်-၁၉ စစ်ဆေးရေးဌာနမှာ ကိုဗစ် စစ်ဆေးမှု ခံယူခဲ့တာပါ။

သူ့ရဲ့ စာရွက်စာတမ်းတွေကလည်း အစစ်နဲ့မခြား တူလွန်းပေမဲ့ တရုတ်စစ်တပ်ရဲ့ မှတ်တမ်းတွေထဲမှာ သူ့နာမည်နဲ့ ရာထူးကို ရှာမတွေ့လို့ ကျန်းမာရေးဝန်ထမ်းတွေက သင်္ကာမကင်းဖြစ်ပြီး ရဲခေါ်ခဲ့တာပါ။ ကျိုးကို စစ်ဆေးမေးမြန်းချိန်မှာ သေချာရေရာတဲ့ အဖြေမရခဲ့လို့ ရဲတွေက သူ့ကို ရဲစခန်းခေါ်သွားပြီး စစ်ဆေးတော့မှ အွန်လိုင်းကနေ ဝယ်ထားတဲ့ စစ်တပ်ယူနီဖောင်း၊ စာရွက်စာတမ်းအတုတွေနဲ့ အယောင်ဆောင်ခဲ့တာကို ကျိုးက ဝန်ခံခဲ့တာပါ။

အမျိုးသမီးတွေက အရာရှိတွေဆိုရင် သဘောကျတတ်ပြီး သူ ကိုယ်တိုင်ကလည်း ရိုသေလေးစားခံရချင်လို့ အခုလိုဟန်ဆောင်ခဲ့တာလို့ ကျိုးက ဆိုပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ စစ်တပ်ယူနီဖောင်းကို အွန်လိုင်းကနေ ဝယ်ခဲ့တာဖြစ်ပြီး ၄ နှစ်ကြာ အယောင်ဆောင်ခဲ့တာပါ။ ကျိုးဟာ အမျိုးသမီးတွေရဲ့ အချစ်ကို ရယူနိုင်ခဲ့သလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း တော်တော်လေး ဝင်ဆံ့ခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ စစ်တပ်အရာရှိယောင်ဆောင်ခဲ့လို့ ပြင်းထန်တဲ့စွဲချက်တွေ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေပါတယ်။

Ref: Man Impersonates Army Officer for Four Years to Impress Women

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top