ကမ္ဘာ့အကျော်ကြားဆုံးရေမြင်းပေါက်လေးလို့ ဆိုရမဲ့ မိုဒိန်ဆိုတဲ့ ရေမြင်းပေါက်လေးဟာ ဇန်နဝါရီ ၁၀ ရက်နေ့က အသက် ၆ လပြည့်သွားခဲ့ပါပြီ။ သူတည်ရှိရာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ Khao Kheow Open တိရစ္ဆာန်ဥယျာဉ်မှာ သူ ၂ လသားအရွယ်ကတည်းက လူသိများခဲ့ပြီး သူ့ရဲ့ချစ်စဖွယ်အသွင်အပြင်လေးနဲ့ ကမ္ဘာ့တစ်ဝှမ်းက လူအများရဲ့နှလုံးသားကို ဖမ်းစားထားနိုင်ခဲ့တာပါ။
၆ လပြည့်အထိမ်းအမှတ်အနေနဲ့ မိုဒိန်လေးဟာ သူ့ရဲ့ကိုယ်ပိုင် ID ကဒ်ရရှိသွားခဲ့ပါတယ်။ Khao Kheow Open Zoo ရဲ့ဝန်ထမ်းတွေထဲက တစ်ဦး သုံးနေတဲ့ Kha Moo and the Gang ဖေ့စ်ဘွတ်ခ်စာမျက်နှာက တိရစ္ဆာန်ရုံအဝင်ဝမှာ ပြထားတဲ့ မိုဒိန်ရဲ့ ID ရိုက်နှိပ်ထားတဲ့ ဆိုင်းဘုတ်အရွယ်အစားပုံတစ်ပုံကို မျှဝေခဲ့တာပါ။
မိုဒိန်ရဲ့ ID ကဒ်မှာ သူ့ရဲ့နာမည်အစ၊ နာမည်အနောက်စာလုံး၊ မွေးနေ့၊ လိပ်စာ၊ နိုင်ငံကူးလက်မှတ်အရွယ်ဓာတ်ပုံနဲ့ ID နံပါတ်တို့ပါရှိပါတယ်။
မိုဒိန်ရဲ့ ID နံပါတ်က ထီထိုးဖို့ ကံကောင်းတဲ့ဂဏန်းတွေအဖြစ် အသုံးပြုလာတော့မယ်လို့ လူမှုကွန်ယက်အသုံးပြုသူတချို့က ပြောနေကြပါတယ်။
မိုဒိန်ရဲ့ ID နံပါတ်ကတော့ ၉ ၀၀၂၁ ၉၀၀၁၇ ၂၅ ၁၃၇ ပါ။
တိရစ္ဆာန်ရုံဟာ မိုဒိန် (၃) လပြည့်တုန်းက ယူထားတဲ့ သူ့ရဲ့ခြေရာပုံကိုလည်း လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။ လေလံကနေရရှိတဲ့ အမြတ်အစွန်းကို တောရိုင်းတိရစ္ဆာန်ထောက်ပံ့ရေးပရောဂျက်အတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
ဆက်စပ်သတင်းဖတ်ရှုရန် – ထိုင်းနိုင်ငံက တိရစ္ဆာန်ဥယျာဉ်အတွက် ငွေအမြောက်အမြားရှာပေးနေတဲ့ ရေမြင်းပေါက်လေး
https://yoyarlay.com/baby-hippo-moo-deng-brings-in…/
Ref: Moo Deng Turns 6 Months Old And Gets Her Own ID Card
WL (ရိုးရာလေး)