အချစ်လက်စွပ်လေးသက်သေတည် (So Wayree) ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရဲ့အားပေးချစ်ခင်နှစ်ခြိုက်မှုကို ရရှိခဲ့တဲ့ ထိုင်းနာမည်ကြီးမင်းသမီးချော Mookda Narinrak ဟာ ထိုင်းသူဌေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေခဲ့တာတော့ကြာပါပြီ။ စက်တင်ဘာ ၂၁ ရက်နေ့က URANUS Clinic Brand Ambassador ပွဲရဲ့ Grand Opening ကို Mookda တက်ရောက်တော့ ထိုင်းသူဌေးနဲ့ သူ့ရဲ့ဆက်ဆံရေးကို ထုတ်ပြောသွားခဲ့ပါတယ်။
သူနဲ့ဆက်ဆံရေးက ကောင်းနေပြီး ဒီအတိုင်းလေးပါပဲ။ လက်ရှိမှာတော့ သူ့ရဲ့နှလုံးသားလေးက ပန်းရောင်သမ်းနေပါတယ်လို့ Mookdaက ဆိုပါတယ်။ Mookda က “ကျွန်မရဲ့နှလုံးသားလေး ပျော်ရွှင်နေပါတယ်။ ကျွန်မ ပြောခဲ့ဘူးသလိုပါပဲ။ ကျွန်မ စကားပြောနေတဲ့သူ၊ တစ်ယောက်အကြောင်းတစ်ယောက်သိဖို့လုပ်နေတဲ့သူရှိတယ်။ ကျွန်မတို့ အချင်းချင်းတွေ့ကြည့်နေတုန်းပါပဲ။ အားလုံးကောင်းပါတယ်။ အခုအခိုက်အတန့်မှာတော့ ကျွန်မရဲ့နှလုံးသားလေးက ပန်းရောင်သမ်းနေသလို အမှန်တကယ်ခံစားနေရပါတယ်”တဲ့။
“အဲ့တစ်ယောက်ရဲ့မျက်နှာကို မြင်တွေ့ရမယ့်အချိန်ကို မေးကြတဲ့အခါ တကယ်တော့ လူတိုင်းက သူဘယ်သူဆိုတာကို သိပြီးကြပါပြီ။ ကျွန်မ အပြင်ထွက်တဲ့အချိန် ကျွန်မတို့ ဘယ်နေရာမှာစားတယ်၊ ဘယ်နေရာသွားတယ်ဆိုတာကို ဖုံးကွယ်မထားပါဘူး။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်တွဲပုံမရိုက်တာ၊ ကျွန်မတို့အကြောင်း တရားဝင်ထုတ်မပြောပြတာတွေကြောင့် သိပ်မသာသလိုဖြစ်နေတဲ့ပုံပါပဲ။ အမှန်တရားကတော့ ကျွန်မက အေးချမ်းမှုကို တန်ဖိုးထားတဲ့ သူတစ်ယောက်ပါ။ ကျွန်မရဲ့ပင်ကိုယ်စရိုက်က အဲ့လိုဖြစ်တဲ့အတွက် ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မ လူတိုင်းကို အများကြီးပြောမပြဖြစ်တာဖြစ်နိုင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
အစကတော့ မြန်မာပရိသတ်တွေကရော နိုင်ငံတကာပရိသတ်တွေကပါ Mookda ကို So Wayree မှာ အတူတူသရုပ်ဆောင်ခဲ့တဲ့ မင်းသား Kem Hussawee နဲ့ သဘောတူနေခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာ Mookda တွဲနေတဲ့သူက ထိုင်းဘီလျံနာ Sitthi Srichawala ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref: Mookda Narinrak opens up about her relationship with hi so sitti
WL (ရိုးရာလေး)

