ဘန့်စီရဲ့နံရံပန်းချီကားကြောင့် ယူကရိန်းကလေးဆေးရုံ ရန်ပုံငွေ ပေါင် ၈၁၀၀၀ ရရှိ

29-2-2022-yyl02.jpg

ကမ္ဘာကျော် အနုပညာရှင် ဘန့်စီ(Banksy) ရဲ့ စစ်ဆန့်ကျင်ရေး နံရံပန်းချီကို လေလံတင်ရောင်းချရာကနေ ယူကရိန်းကလေးဆေးရုံအတွက် ရန်ပုံငွေ ပေါင် ၈၁၀၀၀ ရရှိခဲ့ပါတယ်။ ဘရစ္စတိုးမြို့အခြေစိုက် အနုပညာရှင် ဘန့်စီက CND Soldiers လို့ အမည်ပေးထားတဲ့ နံရံပန်းချီကားကို ၂၀၀၅ ခုနှစ်က လန်ဒန်မြို့ လွှတ်တော်အဆောက်အအုံနားက နံရံမှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

စစ်သား ၂ ယောက်က နျူကလီးယားဖျက်သိမ်းရေးလှုပ်ရှားမှု အမှတ်အသားကို နံရံပေါ်မှာ ဂရက်ဖစ်တီ ဆွဲနေတဲ့ပုံစံ ရေးဆွဲထားတာပါ။ အဲဒီနံရံပန်းချီကို အွန်လိုင်းကတစ်ဆင့် လေလံတင်ရောင်းချမှုမှာ ကြမ်းခင်းဈေး ပေါင် ၂၀၀၀၀ သတ်မှတ်ခဲ့ပေမဲ့ စိတ်ဝင်စားသူ များပြားခဲ့လို့ အချိန်တိုအတွင်းမှာပဲ လေလံဈေး မြင့်တက်လာခဲ့ပြီး အမည်မဖော်လိုသူတစ်ဦးက ပေါင် ၈၁၀၀၀ နဲ့ လေလံအောင်မြင်ခဲ့တာပါ။

လေလံတင်ရောင်းချမှုကနေ ရရှိလာတဲ့ငွေတွေကို ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာရှိတဲ့ အော့မတ်ဒတ်ကလေးဆေးရုံကို လှူဒါန်းသွားမှာပါ။ အော့မတ်ဒတ်ကလေးဆေးရုံဟာ ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးကလေးဆေးရုံဖြစ်ပြီး အပြင်းအထန် နာမကျန်းဖြစ်နေတဲ့ ကလေးတွေ၊ စစ်ပွဲကြောင့် ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ဆေးရုံ ဖြစ်ပါတယ်။ MyArtBroker.com က လေလံတင်ရောင်းချမှုကို အကျိုးဆောင်ခမယူဘဲ ဆောင်ရွက်ပေးခဲ့တာဖြစ်လို့ ရရှိလာတဲ့ ငွေကြေးအားလုံးကို ကလေးဆေးရုံအတွက် လှူဒါန်းပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: BBC “Sale of Banksy anti-war artwork raises funds for Kyiv hospital”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top