ရခိုင်ကနေ ရန်ကုန်ကို ခရီးသွားခဲ့သူ ၃၄၀၀ ကျော်ရှိဟုထုတ်ပြန်

31-8-2020-yyl-020.jpg

ရန်ကုန် ဩဂုတ် ၃၁

COVID-19 ရောဂါပြန့်နှံ့မှုများပြားနေတဲ့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ဩဂုတ် ၁၃ ရက်မှ ၂၁ ရက်အတွင်း ပြည်တွင်းလေကြောင်းလိုင်းခရီးစဥ်နဲ့ ခရီးသွားလာခဲ့ကြတဲ့ ခရီးသည်များစာရင်းကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုလိုထုတ်ပြန်လိုက်တဲ့စာရင်းတွေအရ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဥ◌် ၈၁ ခုနဲ့ ရခိုင်ကနေ ရန်ကုန်ကို ခရီးသွားလာခဲ့သူ ၃၄၀၀ ကျော်ရှိနေပါတယ်။ ဒီလူတွေအနေနဲ့ ရောဂါကူးစက်ပြန့်ပွားမှုတွေရှိတဲ့ မြို့နယ်တွေကဖြစ်ရင် ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

အဲဒီအတွက် နီးစပ်ရာကျန်းမာရေးဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ချက်ခြင်းသတင်းပို့ရမှာဖြစ်ပြီး တော့ သတင်းပို့ဖို့ပျက်ကွက်သူတွေကိုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူဆောင်ရွက်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပြီး ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဩဂုတ် ၃၁ ရက်၊ မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၇၈၇ ဦး၊ ပြန်လည်သက်သာလာသူ(၃၅၂)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၃၄၇)ဦး၊ သေဆုံးသူ(၆)ဦး ရှိတယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top