ကွယ်လွန်သူ သရုပ်ဆောင်မင်းသွေးရဲ့ မွေးနေ့ကုသိုလ်အဖြစ် စစ်ရှောင် တဲအိမ် ၁၅ လုံးလှူဒါန်းခဲ့

23-6-2020-yyl-006.jpg

ကွယ်လွန်သူ သရုပ်ဆောင်မင်းသွေးရဲ့ မွေးနေ့ကုသိုလ်အဖြစ် ရခိုင်ဒေသမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေအတွက် တဲအိမ် (၁၅) လုံး လှူဒါန်းခဲ့တယ်လို့ သရုပ်ဆောင်နေတိုးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

‘‘ဇွန်လ (၂၁) ရက်နေ့က ကျရောက်တဲ့ မွေးနေ့ရှင် ကွယ်လွန်သူ- သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် (ခ) ညီလေးငယ်အားရည်စူးကာ ဆွမ်းဆက်ကပ်ပြီး အလိုတော်ပြည့် ဆရာတော်ကြီးအား ဦးထိပ်ထားကာ ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ရခိုင်စစ်ရှောင်ပြည်သူတွေအတွက် တဲအိမ် (၁၅) လုံး လှူဒါန်းခဲ့ပါတယ်။ ပရိသတ်တွေ အားလုံးကုသိုလ် အမျှရကြပါစေခင်ဗျာ’’ လို့ နေတိုးက ရေးသားခဲ့ပါတယ်။

သရုပ်ဆောင်မင်းသွေးဟာ ပြီးခဲ့တဲ့၂၀၁၈ အောက်တိုဘာ (၃) ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top