သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိုက်စလန်နိုင်ငံမှာ ခြင်တွေ စတင်တွေ့ရှိခဲ့ပါတယ်။ အိုက်စလန်နိုင်ငံဟာ အေးလွန်းတာကြောင့် ခြင်တွေ ပေါက်ဖွား ရှင်သန်နိုင်စရာ မရှိဘူးလို့ ထင်မှတ်ခံခဲ့ရတဲ့ နေရာ ဖြစ်ပါတယ်။
အိုက်စလန်နိုင်ငံမှ လေ့လာစူးစမ်းသူတစ်ဦးက ”ထူးဆန်းတဲ့ ပိုးကောင်တစ်ကောင်” ကို သတိထားမိပြီး ဓာတ်ပုံရိုက်ထားခဲ့တာပါ။ အဲဒီဓာတ်ပုံထဲက အင်းဆက်ဟာ ခြင်ဖြစ်နေကြောင်း နောက်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု နိမိတ်ပုံဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချကြပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ အိုက်စလန်နိုင်ငံရဲ့ အပူချိန် မြင့်တက်လာတာကြောင့် အရင်တုန်းက ခြင်တွေ ရှင်သန်ပေါက်ဖွားနိုင်ခြင်းမရှိတဲ့ အိုက်စလန်နိုင်ငံမှာ ခြင်တွေ ပေါက်ဖွားလာနိုင်တာလို့ ဆိုပါတယ်။ အရင်တုန်းက ကမ္ဘာပေါ်မှာ အန္တာတိကတိုက်နဲ့ အိုက်စလန်နိုင်ငံမှာ ခြင်မရှိတဲ့ နေရာတွေလို့ သတ်မှတ်ခံထားရတာပါ။
အခုတွေ့ရှိမှုဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ကမ္ဘာ့အအေးဆုံးဒေသမှာတောင် ဂေဟစနစ် ပြောင်းလဲမှုတွေ ဖြစ်ပွားနေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
Ref: Mosquitoes found in Iceland for first time after record heat
NZ ( ရိုးရာလေး)

