It ဇာတ်ကားရဲ့မူလအစဇာတ်ကြောင်းဖြစ်တဲ့ Welcome To Berry စီးရီးကို ရိုက်ကူးဖို့ ပြင်ဆင်နေ

30-2-2022-yyl10.jpg

လက်ရှိမှာတော့ Warner Bros က HBO Max အတွက် It Prequel စီးရီးကို အကောင်အထည်ဖော်နေပါပြီ။ Welcome To Berry လို့ အမည်ရတဲ့ ဒီစီးရီးဟာ မိန်း​​ပြည်နယ်က မြို့လေးမှာ ကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်ကို ရွေးခေါ်ယူတဲ့ Pennywise လူပြက်ရဲ့မူလအစဇာတ်ကြောင်းဖြစ်မှာပါ။It ပထမဇာတ်ကားရဲ့အဖြစ်အပျက်တွေကို ဉီးတည်သွားမယ့် စီးရီးကို Pan၊ Wonder Woman နဲ့ I Still See you ဇာတ်ကားတွေအတွက် ရေးသားခဲ့ဖူးတဲ့ ဂျက်ဆန် ဖူချ်စ် (Jason Fuchs) က ရေးသားထုတ်လုပ်သွားမှာဖြစ်တယ်လို့ Variety သတင်းဌာနအရ သိရပါတယ်။

It: Part One နဲ့ It: Part Two ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အန်တီ မက်ချီရက်တီ (Andy Muschietti) ကလည်း ဘာဘာရာ မက်ချီရက်တီနဲ့အတူ သူတို့ရဲ့ Double Dream ထုတ်လုပ်ရေးကုမ္ပဏီကတစ်ဆင့်အမှုဆောင်ထုတ်လုပ်သူအဖြစ်ဆောင်ရွက်သွားမှာပါ။HBO Max က ပရောဂျက်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေ​​ပေမဲ့ ဒါရိုက်တာ အန်တီက စီးရီးအတွက် မီးစိမ်းပြရင် ပထမအပိုင်းကို ရိုက်ကူးသွားမှာပါ။ Warner Bros စတူဒီယိုက It ဇာတ်ကား ၂ ခုလုံးကို ထုတ်လုပ်ခဲ့တာ​​ဖြစ်တဲ့အတွက် ဒီစီးရီးအသစ်ကိုလည်း ဒီစတူဒီယိုကပဲ ထုတ်လုပ်မှာဖြစ်ပါတယ်။

အရင်ထွက်ရှိခဲ့တဲ့ It ဇာတ်ကား ၂ ကားစလုံး အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက်မှာ Prequel စီးရီးကို ရိုက်ကူးဖို့ ဖြစ်လာခဲ့တာပါ။ It Part One က ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၁ သန်းကျော်ဖြစ်ခဲ့ပြီး It Part Two က အမေရိကန်ဒေါ်လာ ၄၇၃ ကျော် ​ဖြစ်ခဲ့ပါတယ်။Box Office အောင်မြင်မှု​တွေအပြင် It ရုပ်ရှင်ကားတွေက ဝေဖန်သူတွေဆီက ကောင်းတဲ့သုံးသပ်ချက်တွေလည်း ရရှိခဲ့ပြီး ဘီလ် စကာဂတ် (Bill Skarsgard) ကိုလည်း Pennywise အဖြစ် ကျောချမ်းလောက်အောင် သရုပ်ဆောင်ကောင်းခဲ့တဲ့အတွက် ချီးကျူးခဲ့ကြပါတယ်။

Ref: Ladbible “An IT Prequel Series Is In The Works”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top