ဖုန်းအားသွင်းခြင်းနဲ့ ပတ်သက်ပြီး လူအများစု လုပ်မိနေတဲ့ အမှားများ

19-6-2020-yyl-040.jpg

ဖုန်းအားသွင်းတဲ့ပုံစံကလည်း သင့်ရဲ့ဖုန်းရဲ့ ဘတ္ထရီသက်တမ်းအတွက်ရော၊ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးတယ်ဆိုတာကို သတိမပြုမိကြပါဘူး။ အခုခေတ်ဖုန်းတွေရဲ့ဘတ္ထရီက အားသွင်းတဲ့ ပမာဏတိကျအောင်၊ အချိန်အကြာကြီးခံအောင် လုပ်ထားကြတာဖြစ်ပါတယ်။ ဖုန်းအားသွင်းတဲ့အခါ ဖုန်းကို ၁၀၀ ရာခိုင်နှုန်းထိ ပြည့်အောင်မသွင်းဖို့နဲ့ (0) ရာခိုင်နှုန်းထိရောက်သွားအောင်လည်း မလုပ်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့တွေက ဖုန်းကို နည်းလမ်းမှန်မှန်ကန်ကန်နဲ့ အားသွင်းပေးခြင်းဖြင့် ဘယ်လိုပျက်စီးဆုံးရှုံးမှုကိုမဆို ရှောင်ကျဉ်သင့်ပါတယ်။ ဖုန်းသုံးတဲ့လူအများစုလုပ်မိနေတဲ့ ဖုန်းအားသွင်းခြင်းအမှားတွေကို မျှဝေပေးချင်ပါတယ်။

အားသွင်းကြိုးကို ပလတ်ပေါက်မှာ တန်းလန်းထားခဲ့တာ

အားသွင်းကြိုးက ဖုန်းနဲ့ချိတ်မထားဘဲနဲ့တောင် ပလတ်ပေါက်မှာ ရှိတဲ့အချိန်ဆို အဆက်မပြတ် အားစွဲနေတာပါ။ ဒါက သင့်ရဲ့မီတာခအတွက် မကောင်းနိုင်ပါဘူး။ ဒါ့အပြင် မီးအားမြှင့်စက်က အပူတွေ ထုတ်လွှတ်ပြီး အနီးနားက အရာတွေကို မီးစွဲသွားစေနိုင်ပါတယ်။ အခန်းထဲက လေက စိုစွတ်နေရင် မီးအားမြှင့်စက်ကို မီးတောက်ပြီး လျှပ်စစ်ပြတ်တောက်သွားစေနိုင်ပါတယ်။ အားသွင်းကြိုးကို အသုံးမပြုဘူးဆိုရင် ပလတ်ပေါက်ကနေ အမြဲဖြုတ်ထားသင့်ပါတယ်။

ဖုန်းဘတ္ထရီ (၁၀၀) ရာခိုင်နှုန်းပြည့်အောင် အားသွင်းတာ

ကျွန်တော်တို့အများစုက ဖုန်းအားကို (၁၀၀) ရာခိုင်နှုန်းပြည့်အောင် သွင်းရမယ်လို့ သိထားကြတာပါ။ တကယ်တော့ ဘတ္ထရီ (၁၀၀) ရာခိုင်နှုန်းပြည့်အောင် အားသွင်းတဲ့အချိန်တိုင်း ဘတ္ထရီသက်တမ်းတိုစေမှာဖြစ်ပါတယ်။ ဖုန်းဘတ္တရီတိုင်းက အားဘယ်လောက်သွင်းရမယ်ဆိုတဲ့ တိကျတဲ့ပမာဏရှိတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဖုန်းကို (၁၀၀) ရာခိုင်နှုန်းပြည့်အောင် အမြဲအားသွင်းနေမယ်ဆိုရင် အားလည်ပတ်မှုစက်ဝိုင်းက မြန်မြန်အဆုံးသတ်သွားပါလိမ့်မယ်။ တစ်လကို တစ်ကြိမ်လောက်တော့ အားအပြည့်သုံးလို့ရပေမယ့် အခြားအချိန်တွေမှာ (၈၀) ရာခိုင်နှုန်းလောက်ပဲ ဖုန်းအားသွင်းသင့်ပါတယ်။

ဖုန်းအားမသွင်းခင် ဖုန်းအား (0) ရာခိုင်နှုန်းရောက်တဲ့အထိ သုံးတာ

ဖုန်းဘတ္ထရီကို (ဝ) ရာခိုင်နှုန်းရောက်သွားအောင် သုံးတာမကောင်းပါဘူး။ အခုခေတ်ဖုန်းတွေက ဖုန်းအားကုန်အောင်ထိ သုံးလို့မရပါဘူး။ ဖုန်းအားကုန်တဲ့အထိသုံးလိုက်မယ်ဆိုရင် ဖုန်းရဲ့သက်တမ်းကို တစ်ဆင့်ချင်း ပျက်စီးသွားစေမှာဖြစ်ပါတယ်။

ဖုန်းကို တစ်ညလုံးအားသွင်းထားတာ

ဖုန်းကို တစ်ညလုံးအားသွင်းထားမယ်ဆိုရင် လျှပ်စစ်ကို ဖြုန်းတီးရာရောက်သလို လိုအပ်တာထက် ပိုပြီး ဘတ္ထရီကို အားသွင်းနေရာလည်းရောက်ပါတယ်။ ဒါက ဘတ္ထရီကိုလည်း ပျက်စီးစေမှာဖြစ်ပါတယ်။ ဖုန်းကို တစ်ညလုံးအားသွင်းမထားသင့်တဲ့ နောက်ထပ်အကြောင်းအရင်းက အပူလွန်ကဲတာမဖြစ်နိုင်ဘူးလို့ ပြောလို့မရတာပါပဲ။ အပူလွန်ကဲရင် ဖုန်းထပေါက်ပြီး မီးလောင်နိုင်ပါတယ်။

အားသွင်းရင်း ဖုန်းသုံးတာ

ဒီအချက်ကိုတော့ လူအများစု လုပ်မိကြတယ်ထင်ပါတယ်နော်။ ဖုန်းအားသွင်းရင်းနဲ့ ဖုန်းရဲ့ဘတ္ထရီ တဖြည်းဖြည်းဆုတ်ယုတ်သွားအောင် မလုပ်သင့်ပါဘူး။ ဒါက တစ်ကြိမ်တည်းမှာ (၂) ခုလုပ်ဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ဘတ္ထရီကို အလွန်အမင်းအားထုတ်စေသလိုဖြစ်စေပါတယ်။ ဖုန်းအားသွင်းရင်း တစ်စုံတစ်ယောက်ဆီက ဖုန်းလာရင် ဖုန်းအားကြိုးကို ဖုန်းပြီး ဖုန်းပြောပြီးသွားမှသာ ဖုန်းအားပြန်သွင်းသင့်ပါတယ်။

ဈေးချိုတဲ့၊ Original မဟုတ်တဲ့အားသွင်းကြိုးတွေနဲ့ အားသွင်းတာ

ဖုန်းတိုင်းဟာ အားသွင်းရင်း ဖုန်းအမျိုးအစားအလိုက် ဖုန်းအားသွင်းကြိုးကို ထုတ်ပေးထားတာဖြစ်တဲ့အတွက် ကိုယ့်ဖုန်းအမျိုးအစားမဟုတ်တဲ့ အားသွင်းကြိုးနဲ့ အားသွင်းတာကို မလုပ်သင့်ပါဘူး။ အားသွင်းကြိုးအမှန်ကို အသုံးမပြုရင် ဘတ္ထရီဆီရောက်သွားတဲ့အားတွေက နည်းနည်းပဲဝင်နိုင်ပါတယ်။ အားသွင်းတာနှေးတဲ့အပြင် အပူလွန်ကဲတာဖြစ်နိုင်ပါတယ်။ Original အားသွင်းကြိုးတွေကတော့ ဖုန်းအတွက် အကောင်းဆုံးပါပဲ။ အားသွင်းကြိုးပြတ်သွား၊ ပျောက်သွားရင် ဖုန်းမော်ဒယ်အမျိုးအစားအတိုင်း ဖုန်းအားသွင်းကြိုးကို ပြန်ဝယ်သင့်ပါတယ်။

လက်တော့စ်ကနေ ဖုန်းအားသွင်းတာ

လက်တော့စ်သုံးရင်းနဲ့ ဖုန်းတွေကို မကြာခဏဆိုသလို အားသွင်းဖြစ်ကြပါတယ်။ ဒါပေမဲ့ ပလတ်ပေါက်နဲ့ အားသွင်းတာထက်ပိုပြီး အားသွင်းရတာ အချိန်ကြာပြီး ဘတ္ထရီကို မြန်မြန်အားမဝင်စေပါဘူး။ ဖုန်းအားမြန်မြန်သွင်းချင်ရင် နည်းမှန်လမ်းမှန်နဲ့ အားသွင်းချင်ရင် လက်တော့စ်ကနေ ဖုန်းအားမသွင်းဘဲ ပလတ်ပေါက်နဲ့ အားသွင်းသင့်ပါတယ်။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top