ကင်ဆာရောဂါသည် သမီးရဲ့ ဆေးကုစရိတ်အတွက် စုဆောင်းထားသမျှငွေအားလုံး သုံးခဲ့ရပြီးနောက် ဒေါ်လာ ၂ သန်းတန် ထီဆုကြီး ဆွတ်ခူးခဲ့တဲ့ မိခင်

18.4.2023-yyl-iamge-1.jpg

ဖလော်ရီဒါပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ ကင်ဆာရောဂါ ခံစားနေရတဲ့ သမီးဖြစ်သူရဲ့ ဆေးကုစရိတ်အတွက် တစ်ဘဝစာ စုဆောင်းထားတဲ့ ငွေကြေးအားလုံး ထုတ်သုံးခဲ့ပြီးနောက်မှာတော့ ဒေါ်လာ ၂ သန်း ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။

ဂျရယ်ဒင်းဂျင်ဘလက်က ဂတ်စ်ဆိုင်မှာ ထီဝင်ထိုးခဲ့တာပါ။ ” အရောင်းစာရေးက ထီလက်မှတ် ကုန်သွားပြီလို့ ပြောခဲ့တာပါ။ သေချာအောင် ရှာကြည့်ပေးပါဦးလို့ ပြောတော့မှ ထီလက်မှတ် တစ်စောင် ကျန်နေသေးတာ တွေ့ရပါတယ်” လို့ ဂျရယ်ဒင်းက ဆိုပါတယ်။ ထီမထွက်ခင် တစ်ရက်အလိုမှာတော့ ဂျရယ်ဒင်းရဲ့သမီးက ရင်သားကင်ဆာကို အနိုင်ယူ ကျော်လွှားနိုင်ခဲ့တာဖြစ်လို့ အပျော်တွေ ထပ်ဆင့်ခံစားခွင့် ရခဲ့ကြတာပါ။

Bonus Cashword ထီလက်မှတ်ကနေ ဒေါ်လာ ၂ သန်းတန် ထီဆုကြီးပေါက်ဖို့ ဖြစ်နိုင်ခြေဟာ ၃.၉ သိန်းပုံ၊ တစ်ပုံပဲ ရှိတယ်လို့ ဖလော်ရီဒါထီဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Ref: Mother Wins $2M Jackpot After Using Life Savings To Pay For Daughter’s Cancer Treatment

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top