စာတတ်မြောက်ရေးအစီအစဉ်မှာ ရမှတ်အများကြီးနဲ့ ပြီးမြောက်အောင်မြင်ခဲ့တဲ့ အသက် ၁၀၈ နှစ်အဘွားအို

18.4.2023-yyl-iamge-2.jpg

အသက် ၁၀၈ နှစ်အရွယ်အိန္ဒိယအဘွားအိုတစ်ဦးက ကီရာလာပြည်နယ်ရဲ့စာတတ်မြောက်ရေးအစီအစဉ်မှာ ရမှတ်အများကြီးနဲ့ ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ ကီရာလာက ဖာလာစိုက်ခင်းမှာ အလုပ်လုပ်ဖို့ တမီးလ်နာဒူကနေ ပြောင်းရွေ့နေထိုင်ခဲ့ရတဲ့ ခါမာလာခန်းနီက စာတတ်မြောက်ရေးအစီအစဉ်မှာ စာရင်းသွင်းခဲ့ပြီး ပညာစတင်လေ့လာဆည်းပူးခဲ့ပါတယ်။ သူက အသက် ၁၀၈ နှစ်ရှိပြီးဖြစ်ပေမဲ့ အကြားနဲ့အမြင်အာရုံကောင်းပါသေးတယ်။ လူတော်တော်များများကလည်း သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် ချီးကျူးနေကြပါတယ်။ ဒီအသက်အရွယ်ရောက်နေတာတောင် ပညာသင်ချင်တဲ့စိတ်ရှိတဲ့အတွက်လည်း သူ့ကို ချီးမွှမ်းထောပနာပြုခဲ့ကြတာပါ။

နောက်ဆုံးမှာ အဘွားခါမာလာက တမီးလ်နဲ့ မလေးလမ်ဘာသာနှစ်ခုစလုံးနဲ့ စတင်ရေးသားနိုင်ခဲ့ပြီး စာတတ်မြောက်ရေးအစီအစဉ်ရဲ့စာမေးပွဲကို ဖြေဆိုရမှာလည်း အမှတ် ၁၀၀ မှာ ၉၇ မှတ်ရခဲ့ပါတယ်။ ကီရာလာပြည်နယ်အစိုးရကလည်း ရမှတ်အများကြီးရတဲ့အတွက် အဘွားခါမာလာကို အသိအမှတ်ပြုဂုဏ်ပြုခဲ့ကြပါတယ်။ နောက်လကျရင် အဘွားခါမာလာရဲ့ အသက် ၁၀၉ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲပေးဖို့ ပြင်ဆင်နေတယ်လို့လည်း သူ့မြေးဖြစ်သူရဲ့ပြောစကားအရ သိရပါတယ်။

အဘွားခါမာလာက ၂ တန်း အောင်မြင်ပြီးတဲ့နောက်မှာ မိသားစုကို ပံ့ပိုးကူညီဖို့အတွက် ဖာလာစိုက်ခင်းမှာ အလုပ်လုပ်ခဲ့ရတာပါ။ ကီရလာပြည်နယ်မှာ ဖာလာစိုက်ခင်းပေါများတာကြောင့် တမီးလ်နာဒူက အလုပ်သမားတွေက အဲ့ဒီကို လာရောက်ခဲ့ကြတာပါ။ အဲ့ဒီလိုနဲ့ ခါမာလာက ဖာလာစိုက်ခင်းမှာ အနှစ် ၈၀ လုံး အလုပ်လုပ်ခဲ့ရပါတယ်။ စိုက်ခင်းမှာ အလုပ်လုပ်ခဲ့ရတဲ့အတွက် ကျောင်းမပြီးခဲ့ရပါဘူး။ သူက ၂ တန်းပဲ အောင်ခဲ့ပေမဲ့ စာလေ့လာသင်ယူဖို့ အမြဲတမ်းစိတ်အားထက်သန်ခဲ့တာပါ။

Ref: Tamil Nadu’s 108YO Woman Outperforms Students In Kerala Exam, Inspires Many By Defying The Odds

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top