ဆိုင်ကယ်တစ်စီးစာ အရွယ်အစား၊ အလေးချိန်ရှိတဲ့ တူနာငါးတစ်ကောင်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ ငါးလေလံပွဲမှာ ပေါင် ၁ သန်းကျော်နဲ့ လေလံအောင်သွားခဲ့ပါတယ်။ အလေးချိန် ၂၇၆ ကီလိုဂရမ်ရှိတဲ့ ဆူးတောင်ပြာတူနာငါးကို တိုယိုဆုငါးဈေးမှာ ယန်း ၂၀၇ သန်း ( ပေါင် ၁.၀၅ သန်း)ကျော်ပေးပြီး ဆူရှီစားသောက်ဆိုင်တွေဖြစ်တဲ့ Onodera Group နဲ့ Yamayuki တို့က လေလံဆွဲခဲ့ကြတာပါ။ ဒါဟာ တူနာငါးတစ်ကောင်အတွက် အမြင့်ဆုံးလေလံဈေးနှုန်းကတော့ ယန်း ၃၃၃.၆ သန်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ စားသောက်ဆိုင်ပိုင်ရှင် ကီမူရာက ဝယ်ယူခဲ့တာပါပဲ။
ကမ္ဘာ့အကြီးဆုံး ငါးဈေးလို့ သတ်မှတ်ထားကြတဲ့ တိုယိုဆုငါးဈေးမှာ နောက်ထပ်အံ့အားသင့်ဖွယ် လေလံအောင်မှုတစ်ခုကတော့ ဟော့ကိုင်းဒိုးသံပခြုတ်တစ်ကောင်ကို ယန်း ၇ သန်းနဲ့ လေလံဆွဲခဲ့တာပါပဲ။
လေလံဆွဲသူတွေဟာ နှစ်တစ်နှစ် အဖွင့်လေလံပွဲမှာ လေလံအောင်ရင် ကံကောင်းခြင်းတွေ ရရှိစေတယ်လို့ ယုံကြည်လေ့ရှိပြီး လေလံအောင်ဖို့ အပြိုင်ကမ်းလှမ်းမှုတွေလုပ်ကြလေ့ရှိပါတယ်။
Ref: Motorbike-sized tuna sells for £1m at Tokyo auction
NZ ( ရိုးရာလေး)