အင်စတာဂရမ်မှာ like ပေးလို့မရရင်ပိုကောင်းမယ်လို့ခံယူထားတဲ့ ခရီးသွားစုံတွဲ

67198855_1392296207588788_8849462045309927424_n.jpg

ဒီဘက်ခေတ်ကြီးထဲမှာ ခရီးသွား blogger လုပ်ရင်း ဆိုရှယ်မီဒီယာပေါ်မှာ ဝင်ငွေရှာနိုင်တဲ့ စုံတွဲတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ ဂျာမန်နိုင်ငံသူမာရီနဲ့ ချစ်သူဖြစ်သူ ဩစတြေးလျနိုင်ငံသား ဂျိတ် (ခ်) တို့လည်းအပါအဝင်ပါ။ အင်စတာဂရမ်မှာ နှစ်ဦးသားရဲ့ခရီးသွားဓာတ်ပုံတွေ တဖြည်းဖြည်း တင်လာလိုက်တာ followers (၅) သိန်းကျော် ရနေပါပြီ။

ပြီးခဲ့တဲ့အပတ်က ဩစတြေးလျလူမျိုးတို့ရဲ့ news feed မှာတော့ like ပေးလို့ မရတဲ့ဓာတ်ပုံရှယ်တဲ့ အက်ပလီကေးရှင်းကို စတင်စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဩစတြေးလျ influencers တွေက သူတို့ရဲ့ ကုန်ပစ္စည်းစပွန်ဆာကြော်ငြာတွေကို လူသိနည်းပြီး ရောင်းအားကျသွားမှာ စိုးရိမ်ကြပြီး ကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ မာရီနဲ့ ဂျိတ်(ခ်) ကတော့ ဒီလိုမျိုး အက်ပလီကေးရှင်းရှိခြင်းအားဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ဓာတ်ပုံတွေကို မျက်စိနောက်သက်သာမှာဖြစ်လို့ ပိုကောင်းတယ်လို့ ထောက်ခံခဲ့ကြပါတယ်။

လူတစ်ယောက်က ဘယ်လောက်ထိ နာမည်ကြီးလူသိများပြီး ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို ဘယ်လောက်ထိ ဝယ်သူသိမလဲဆိုတာကို လူမှုကွန်ယက်ပေါ်မှာတော့ engagement ဘယ်လောက်ရလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ဆိုလိုချင်တာက like ပေးသူအရေအတွက် ၊ ကြည့်ရှုနှုန်း ၊ comments ပေးသူများတယ်ဆိုရင် ဒါက လူသိများရောင်းအားကောင်းစေဖို့ လမ်းစတစ်ခုပါပဲ။

“like ဘယ်လောက်များလဲဆိုတာကိုပဲ အသားပေးဖွေရှာနေတဲ့ လူထုကြီးရှိတာကြောင့်မို့ အင်စတာဂရမ်ပေါ်မှာ like များတဲ့သူကို follow လုပ်ဖို့က တန်းစီစောင့်နေကြတာဖြစ်တယ်” လို့ အသက် (၂၇) နှစ် အရွယ် ဂျိတ်(ခ်)က တော့ ဆိုပါတယ်။ အင်စတာဂရမ်ပေါ်က ဓာတ်ပုံတွေ ၊ ခရီးသွား live video တွေကို လိုက်ကြည့်ရင်း လူတွေက အားကျစိတ်တွေ နှိုင်းယှဉ်စိတ်တွေ ဖြစ်လာတာမို့ ဒါက ဘယ်လိုမှ ကျန်းမာရေးနဲ့မညီညွတ်ပါဘူးလို့လည်း ဂျိတ်(ခ်) က ထင်မြင်ပါတယ်။l

“like ပေးလို့ရတဲ့ ခလုတ်လေးကိုသာ ဖယ်လိုက်မယ်ဆိုရင် လူတွေက ကိုယ်တင်ချင်တာ တင်ခွင့်ရှိသလို ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘူး” လို့ မာရီတို့ စုံတွဲက ဆိုပါတယ်။ ကျော်ကြားချင်တာအတွက် အဓိကမဟုတ်ဘဲ ဓာတ်ပုံဖန်တီးရတာ မြတ်နိုးလို့ ၊ ဓာတ်ပုံတွေကို share ခြင်းက အကျိုးအမြတ်တစ်ခုတည်းအတွက်မဟုတ်ဘဲ လူတွေကိုကူညီချင်တာကြောင့်ဆိုရင် ပိုကောင်းမယ်ဆိုတာ နှစ်ဦးသားရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။

မာရီနဲ့ ဂျိတ်(ခ်) စုံတွဲက ခရီးသွားဓာတ်ပုံတစ်ပုံမှာ like ပေးသူ အရေအတွက် ၃၅၀၀၀ ရှိတယ်ဆိုရင်ပဲ ဒါကို အောင်မြင်တဲ့ post လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ နှစ်ဦးသား အောင်မြင်ကျော်ကြားတယ်ဆိုတာ ပိုက်ဆံရဖို့ ဆိုတာထက် ကမ္ဘာကြီးကို တတ်နိုင်တဲ့ဘက်ကနေ ကယ်တင်ပြီး လူတွေကို ပြုံးပျော်စေချင်တာကြောင့် ဝါသနာပါရာကို လုပ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မာရီတို့စုံတွဲက ရှားပါးတိရစ္ဆာန်တွေ မျိုးသုဉ်းပျောက်ကွယ်ခြင်းမရှိအောင် အာဖရိက တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဒေါ်လာ (၅) သောင်း မတည်ထားတာ ဖြစ်ပါတယ်။

Ref:dailymail.co.uk “Travelling couple who make a living from Instagram insist the ‘no likes’ feature is a GOOD thing for business”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top