အရှိန်လွန် ယာဉ်မောင်းနှင်မှုကြောင့် မြန်မာငွေ သိန်း ၂ သောင်းကျော် ဒဏ်ငွေဆောင်ခဲ့ရသူ

drive.jpg

ဖင်လန်နိုင်ငံရဲ့ အကျော်ကြားဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အန်ဒါဝီကလို့ဖ်ဟာ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့မိလို့ မကြာသေးမှီက ဒဏ်ငွေ ယူရို ၁၂၀၀၀ (မြန်မာငွေ သိန်း ၂၀၀၀ ဝန်းကျင်) ပေးဆောင်ခဲ့ရပါတယ်။

ဘော်လ်တစ်ပင်လယ်ထဲက အေလန်းကျွန်းစုရဲ့ တစ်နာရီ ၁၉ မိုင်နှုန်း သတ်မှတ်ထားတဲ့ဇုန်ထဲမှာ ဝီကလို့ဖ်က တစ်နာရီ ၃၇ မိုင်နှုန်းနဲ့ မောင်းနှင်မိခဲ့တာပါ။ ဖင်လန်နိုင်ငံမှာ တစ်နာရီ ၂၀ ကီလိုမီတာနဲ့အထက် အရှိန်ကျော်လွန် မောင်းနှင်မှုကို ကြီးလေးတဲ့ပြစ်မှုအဖြစ် သတ်မှတ်ထားပြီး ပြစ်မှုကျူးလွန်သူရဲ့ဝင်ငွေအလိုက် ဒဏ်ငွေ ချမှတ်လေ့ရှိပါတယ်။

ဝီကလို့ဖ်ဟာ တစ်နှစ်ဝင်ငွေ ယူရိုသန်း ၃၅၀ ရှိတဲ့ Wiklöf Holding AB ကုမ္ပဏီကို တည်ထောင်သူဖြစ်တာကြောင့် သူ့ရဲ့ဒဏ်ငွေကလည်း များသွားခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း ဝီကလို့ဖ်ဟာ အရှိန်လွန် မောင်းနှင်မှုကြောင့် ပေးဆောင်ခဲ့ရတဲ့ ဒဏ်ကြေးငွေ စုစုပေါင်းပမာဏဟာ ယူရို ၄၀၀၀၀၀ ( မြန်မာငွေ သိန်း ၂ သောင်းကျော်) ရှိပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဝီကလို့ဖ် ပေးဆောင်ရတဲ့ ဒဏ်ကြေးဟာ အရှိန်လွန် မောင်းနှင်မှုကြောင့် အများဆုံးဒဏ်ကြေး ပေးဆောင်ရမှုတော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်က ဆွီဒင်နိုင်ငံသား ကားသမားတစ်ဦးဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ၁ နာရီ ကီလိုမီတာ ၁၂၀ သာ မောင်းနှင်ရမယ့်ဇုန်ထဲမှာ ကီလိုမီတာ ၂၉၀ နှုန်းအထိ မောင်းနှင်မိခဲ့တာကြောင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းဝန်းကျင် ပေးဆောင်ခဲ့ရဖူးပါတယ်။

Ref: Motorist Fined Nearly $140,000 for Exceeding Speed Limit by 18 Miles

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top