MPT က ဒေတာပက်ကေ့ခ်ျ ဈေးနှုန်းတွေကို ပိုမိုသက်သာတဲ့နှုန်းထားများသို့ ပြောင်းလဲသတ်မှတ်

28795899_1490058924453360_2729220180257015478_n.jpg

မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေအတွက် ဒေတာပက်ကေ့ခ်ျ နှုန်းထားတွေကို ၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်နေ့က စပြီး ပြောင်းလဲသတ်မှတ်လိုက်ကြောင်း MPT က ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေအတွက် ပိုမိုသက်သာသည့် နှုန်းထားများဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းများကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အသက်သာဆုံးနှုန်းထားနဲ့ ဒေတာ ပက်ကေ့ခ်ျများဖြစ်ရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံမှာ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့MPT က လူကြိုက်များနေတဲ့ Social Pack, Night Time Data Pack, Daily Data Pack နှင့် Data Carry စတဲ့ဒေတာပက်ကေ့ခ်ျတွေအတွက် နှုန်းထားများကို ပြောင်းလဲသတ်မှတ်လိုက်ပြီး ပိုသက်သာလာတဲ့နှုန်းထားတွေကြောင့် ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား အစီအစဉ် ရယူသုံးစွဲထားသူတွေအတွက် ပိုပြီးအဆင်ပြေပြေ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

MPT KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ MPT အနေနဲ့ မြန်မာပြည်တစ်ဝှမ်းက သုံးစွဲသူတွေကို ပိုမိုသက်သာတဲ့ နှုန်းထားနဲ့ ဒေတာပက်ကေ့ခ်ျတွေကို ဆောင်ရွက်ပေးနိုင်တဲ့အတွက် အရမ်းပဲ ကျေနပ်မိပါတယ်။ အမြန်ဆုံး ဆုရရှိထားတဲ့ 4×4 MIMO နည်းပညာအသုံးပြုထားတဲ့ LTE+ ကွန်ရက်ကိုလည်း ၂၀၁၈ အတွင်း မြို့နယ်ပေါင်း (၂၈၀) ကျော်မှာ ဖြန့်ကျက်ဆောင်ရွက်သွားမှာဖြစ်ပြီး သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကြိုးကြိုးစားစား ဆောင်ရွက်နေပါတယ်။ MPT ရဲ့ ဒေတာ ဝန်ဆောင်မှုတွေကို ပိုမိုသက်သာတဲ့နှုန်းထားတွေနဲ့ ရယူနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲသူတွေအားလုံးကျေနပ် နှစ်သက်မှု ရရှိမှာပါ။ MPTဆင်းမ်ကတ်သုံးသူတွေအနေနဲ့ ပေးရတာထက် ပိုတန်တဲ့ ဝန်ဆောင်မှုတွေကို နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒေတာ ပက်ကေ့ခ်ျများကို မတ်လ ၈ ရက်နေ့မှစတင်၍ အောက်ပါအတိုင်းပြောင်းလဲသတ်မှတ်သွားမှာဖြစ်ပါတယ်။

Social PackSocial Pack

အသုံးပြုသူတွေကsocial application တွေဖြစ်တဲ့ Facebook, Messenger, Viber, LINE နှင့် Instagram စတဲ့ application တွေကို ပိုမိုသက်သာသော ဒေတာပက်ကေ့ခ်ျ နှုန်းထားများဖြင့် ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Night Time Data Pack

Night Time Data Pack မှာ ည ၁၁နာရီကနေ မနက် ၇ နာရီအထိ သတ်မှတ်ထားတဲ့နှုန်းထားတွေအတိုင်း အသုံးပြုနိုင်မှာပါ။

Daily Data Pack
Daily Data Pack ကတော့အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်သော အစီအစဉ်တွေ ဖြစ်ပါတယ်။

Data Carry
Data Carry Packs တွေက အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင် တဲ့အစီအစဉ်များဖြစ်ပြီး ရက် (၃၀) အတွင်းအကျုံးဝင်ကာ ဒေတာလက်ကျန်ကိုသယ်ယူနိုင်သော ကာလက (၇) ရက်ဖြစ်တယ်လို့ သိရပါတယ်။

#Team_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top