ကိုဗစ်လူနာတွေကို အိမ်မှာပဲ Home Isolation လုပ်ဖို့ကို ရှေ့ပြေးစမ်းသပ်မှုပုံစံနဲ့စတင်ဆောင်ရွက်ဖို့ပြော

15-12-2020-yyl25.jpg

ရန်ကုန် ဒီဇင်ဘာ ၁၆

ကိုဗစ်ဓါတ်ခွဲအတည်ပြုလူနာတွေကို နေအိမ်မှာသာ သီးခြားထားရှိခြင်း(Home Isolation)ပြုလုပ်ဖို့ကို ကနဦး အနေနဲ့ ရှေ့ပြေးစမ်းသပ်မှု(Pilot)ပုံစံနဲ့ စတင်ဆောင်ရွက်သွားစေလိုတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အခုလို နေအိမ်မှာသာ သီးခြားထားရှိမယ့်အစီအစဥ◌်နဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန၊ မြို့နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပါမောက္ခဆရာဝန်ကြီးတွေရဲ့ ပူးပေါင်း ဆွေးနွေးမှုအပေါ်ကို ပြန်လည်ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတွေထဲက ရောဂါလက္ခဏာနဲ့ ရောဂါအခံတို့မရှိဘဲ သင့်တော်တဲ့အိမ်အခြေအနေရှိတဲ့သူ အချို့ကို နေအိမ်မှာသာ သီးခြားထားရှိပြီး သူတို့ကို Video Call စနစ်နဲ့ ပုံမှန်ဆက်သွယ်ပြီးတော့ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားဖို့ စီစဥ◌်နေတာ ဖြစ်ပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ လူနာနဲ့ လူနာမိသားစုတွေရဲ့ စည်းကမ်းလိုက်နာမှုကို သက်ဆိုင်ရာမြို့နယ်ကိုဗစ် ကော်မတီဝင်တွေက စောင့်ကြပ်ကြည့်ရှုရမှာဖြစ်ပြီးတော့ လူနာရဲ့ရောဂါအခြေအနေကို မြို့နယ်ဆရာဝန်တွေက ဦးစီး တာဝန်ယူဆောင်ရွက်စေလိုတယ်လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ကိုဗစ်ကူးစက်မှုတွေ ဆက်လက်များပြားနေရင် မနိုင်မနင်းဖြစ်လာမယ့်အပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အထောက်အကူပြပညာရှင်တွေအနေနဲ့လည်း ဝန်နှင့်အား မမျှစွာ နေ့မအား၊ ညမအားဆောင်ရွက်နေရတယ်လို့လည်း သူက အသိပေးထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၁၁၀၆၆၇ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၈၉၄၁၈ ဦးနဲ့ သေဆုံးလူနာပေါင်း ၂၃၁၉ ဦးအထိရှိကြောင်း သိရပါတယ်။

Photo – MOHS
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top