သူငယ်ချင်း တစ်ယောက် စိတ်ဓာတ်ကျ နေချိန်မှာ အားပေး နှစ်သိမ့်နိုင်တဲ့ နည်းလမ်းလေးများ

frii.jpg

NEW YORK, NY - JUNE 28: Stefanie Berks (R) hugs a friend moments after marrying Daisy Boyd in the east chapel at the Manhattan Marriage Bureau two days after the U.S. Supreme Court ruling on DOMA on June 28, 2013 in New York City. The high court struck down the Defense of Marriage Act (DOMA) and ruled that supporters of California's ban on gay marriage, Proposition 8, could not defend it before the Supreme Court. Boyd is 8 1/2 months pregnant and the pair said they planned to get married today before the ruling came down. (Photo by Mario Tama/Getty Images)

ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက် စိတ်ဓာတ်ကျအားငယ်နေချိန်မှာ

“ငါဘာလုပ်ပေးရမလဲဟင်” လို့ မေးပြီး အနားမှာ ရှိနေပေးကြဖူးလား။ တစ်ခါတစ်လေ ကိုယ်က သူငယ်ချင်းအတွက် ဘာလုပ်ပေးရမလဲ မသိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်မျိုးမှာ သူငယ်ချင်းကို အားတက်အောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

၁။ကိုယ်တိုင်ရေးထားတဲ့စာပို့ပါ

စာရွက်လှလှလေးပေါ်မှာ လှပတဲ့မင်ရောင်လေးကိုသုံးပြီး သင့်သူငယ်ချင်းရဲ့မျက်နှာမှာ အပြုံးတစ်ပွင့် ပေါ်ပေါက်လာနိုင်စေမယ့် စာမျိုးရေးပို့သင့်ပါတယ်။ သင်ဟာ သူ့အကြောင်းကို စဉ်းစားနေတယ်ဆိုတာ သင့်သူငယ်ချင်း သိရှိသွားအောင် ဆောင်ရွက်ပါ။

၂။အိမ်မှုကိစ္စတွေ ကူလုပ်ပါ

အဝတ်လျှော်တာ၊၊ ဈေးဝယ်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေက စိတ်ဓာတ်ကျမှုတွေလျော့ပါးမေ့ပျောက်သွားအောင် လုပ်ဆောငပေ်းနိုင်ကြောင်း သူငယ်ချင်းကို ပြောပြသင့်ပါတယ်။ ဒီအလုပ်တွေလုပ်ဆောင်ရာမှာ သင်ကပါကူညီပေးမယ်ဆိုရင် သူ့အတွက်အရမ်းကို အဆင်ပြေစေမှာပါ။

၃။ဂိမ်းလေးတွေနဲ့ အံ့ဩသွားအောင်လုပ်ပါ

မိုနိုပိုလီလို စက္ကူချပ်ပြားနဲ့ ဆော့ရတဲ့ကစားနည်းမျိုး၊ စကားလုံးရွေးချယ်တဲ့ ကစားနည်းမျိုးတွေဟာ ပြဿနာတွေကို ဖယ်ရှားတိုက်ထုတ်ပေးနိုင်တဲ့ နည်းလမ်းတွေပါပဲ။ စိတ်ညစ်နေတဲ့ သူငယ်ချင်းရဲ့အချိန်တွေကို အကြိုက်ဆုံး ကစားနည်းလေးတွေနဲ့ အတူကုန်ဆုံးပေးလိုက်ပါ။

၄။စိတ်ဓာတ်တက်ကြွစေမယ့် သီချင်းတွေ ပို့ပါ

တစ်ခါတစ်လေမှာ ခေါင်းထဲကို စကားလုံးတွေ နားဝင်အောင်သွတ်သွင်းရတာဟာ ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။ ဒါကြောင့် စိတ်အားတက်ကြွလာစေမယ့် သီချင်းလေးတွေ ပို့ပေးလိုက်ပါ။

၅။ပန်းစည်းလေးတစ်စည်းလောက်ပေးပါ

ပန်းစည်းလေးတစ်စည်းဟာ မွှေးမြစေပြီး စိတ်ကို ကြည်လင်စေပါတယ်။ သင့်သူငယ်ချင်းရဲ့ အခန်းလေးကို လှပတဲ့ပန်းစည်းလေးတေါနဲ့ မွမ်းမံပြင်ဆင်ပေးလိုက်ပါ။

၆။အိမ်မှာထမင်းဟင်းချက်စားပါ

ရိုးရှင်းတဲ့နည်းလမ်းလေးတစ်ခုပါပဲ။ ဟင်းလျာတွေကို သင့်သူငယ်ချင်းနဲ့အတူ တက်တက်ကြွကြွ ချက်ပြုတ်စီမံကြည့်ပါ။ ဒါဟာ သူငယ်ချင်းဖြစ်သူရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို အားဖြည့်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

၇။ဖုန်းပြောပါ

“like” လိုမျိုး emoji တွေ ပေးတတ်တဲ့ ဒီနေ့ခေတ်မှာ ဖုန်းခေါ်ဆိုဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ နာရီဝက်လောက် စကားစမြည်ပြောလိုက်ခြင်းဟာ စိတ်ညစ်နေတဲ့သူတစ်ယောက်အဖို့တော့ ခြားနားတဲ့ ကမ႓ာလောကတစ်ခုကို ရောက်သွားစေနိုင်ပါတယ်။

၈။အတူ အပြင်ထွက်ပါ

စိတ်ညစ်နေချိန်မှာ သူငယ်ချင်းဖြစ်သူက အိမ်ထဲမှာပဲ နေချင်မှာပါ။ ဒါကြောင့် သင်ကသူ့ကို ရုပ်ရှင်ကြည့်ဖို့၊ လမ်းလျှောက်ထွက်ဖို့၊ ညစာထွက်စားဖို့၊ အားကစားလုပ်ဖို့ ခေါ်ထုတ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းကြောင့် တစ်ယောက်တည်းငေးငိုင်စိတ်ညစ်နေတာမျိုးမဖြစ်စေတော့ဘဲ အပြင်လောကရဲ့သာယာမှုအောက်မှာ စိတ်ကြည်လင်မှုကို ခံစားရစေမှာပါ။

၉။ ပွေ့ဖက်ထားလို့ရမယ့် အကောင်ငယ်လေးတစ်ကောင်ပေးလိုက်ပါ

ပွေ့ဖက်ထားလို့ရတဲ့ အမွှေးပွပွ မိတ်ဆွေလေးတစ်ယောက် ရလိုက်တာက စိတ်ကိုချမ်းမြေ့နွေးထွေးစေပါတယ်။

၁ဝ။ဓာတ်ပုံစာအုပ်ပြုလုပ်ပါ

အရင်ကရိုက်ထားတဲ့ ဓာတ်ပုံလေးတွေနဲ့ စာအုပ်ကိုပြန်အတူပြန်ကြည့်တာဟာ စိတ်ညစ်စရာ အခြေအနေတွေကို ဖြတ်ကျော်ဖို့ အထောက်အကူဖြစ်စေတဲ့ ရိုးစင်းတဲ့နည်းလမ်းတစ်ရပ်ပါပဲ။

Htet Htet Tin Zar (ရိုးရာလေး)

Ref : Knowledge : 13 WAYS TO CHEER UP YOUR FRIEND WHEN SHE’S DOWN

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top