ကမ္ဘာပေါ်ရှိအလှပဆုံးနဲ့ စိတ်ကူးယဉ်အဆန်ဆုံးလမ်းကလေးများ

streets.jpg

ကမ္ဘာပေါ်ရှိမြို့အသီးသီးမှာ ကမ္ဘာလှည့်ခရီးသွားများကိုဖမ်းစားထားတဲ့ လမ်းလေးတွေ များစွာရှိပါတယ်။

ဒီလိုမြို့က လမ်းလေးတွေမှာနေထိုင်သူဆိုရင်တော့ ဒါဟာအင်မတန် ကံကောင်းတဲ့သူတွေ လို့ပဲဆိုရမှာပါ။ အခုဒီမှာတော့ ရိုးရာလေး ပရိတ်သတ်ကြီးအတွက် ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးနဲ့ စိတ်ကူးယဉ်ဆန်တဲ့ လမ်းကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Rue Cremieux – Paris, France

ဒီလမ်းကလေးကတော့ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာရှိပါတယ်။ လမ်းနာမည်ကတော့ Rue Cremieux ဖြစ်ပါတယ်။ ဒီလမ်းလေးဟာအရောင်အသွေးစုံလင်လှပပြီး ချိုမြိန်တဲ့ ဘဝခံစားချက်ကို ပေးစွမ်းတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် fashion blogger များလည်းနောက်ဆုံးပေါ် ဝတ်စုံအသစ်များဝတ်ဆင်ကာဒီမှာဓာတ်ပုံတွေရိုက်ရတာ အနှစ်သက်ဆုံးနေရာလည်း ဖြစ်ပါတယ်။

၂။ Apotekergata – Ålesund, Norway

ဒီလမ်းလေးကတော့ နော်ဝေးနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ Ålesund ဆိမ်ကမ်းမြို့လေးမှာရှိတဲ့ Apotekergata အမည်ရတဲ့ လမ်းလေးပဲ ဖြစ်ပါတယ်။ Ålesund ဆိပ်ကမ်းမြို့ဟာ နော်ဝေးနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတိုင်းမဖြစ်မနေ လာရောက်တတ်ကြတဲ့ နော်ဝေးရဲ့ အလှပဆုံး မြို့လည်းဖြစ်ပါတယ်။

၃။ Shambles – York, Great Britain

Shambles အမည်ရလမ်းကလေးဟာအင်္ဂလန်နိုင်ငံရှိ York မြို့လေးမှာရှိတဲ့ လမ်းလေးပဲ ဖြစ်ပါတယ်။ အရင်ကဒီလမ်းလေးဟာအသားဆိုင်တွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့် အခုဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေ၊ ဈေးဝယ်ထွက်သူတွေနဲ့ စီးပွားရေးသမားများ မျက်စိအကျဆုံး အလည်ပတ်ဆုံးလမ်းကလေး ဖြစ်နေပါပြီ။

၄။ Burano – Venice, Italy

Burano လမ်းလေးကတော့ အီတလီနိုင်ငံ Venice မြို့မှာတည်ရှိပါတယ်။ Burano ဟာတောက်ပစွာအရောင်အသွေးစုံလင်တဲ့ ငါးဖမ်းသမားများရဲ့ အိမ်လေးများရှိတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားများလည်ပတ်စရာနေရာတစ်ခုအဖြစ် နာမည်ကျော်ကြားပါတယ်။

၅။ Águeda – Aveiro, Portugal

ပေါ်တူဂီနိုင်ငံမှာရှိတဲ့ ချစ်စရာကောင်းတဲ့ Águeda အမည်ရလမ်းကလေးပဲဖြစ်ပါတယ်။ မြူးကြွတဲ့ တေးသီချင်းများ၊ performances များ၊ အနုပညာပြကွက်များ၊ kids’ activities များပါဝင်တဲ့ နှစ်စဉ် ပွဲတော်တစ်ခုကိုကျင်းပလေ့ရှိလို့ ခရီးသွားအများလာရောက်လေ့ရှိတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။

၆။ Rothenburgob der Tauber, Germany

ဂျာမနီနိုင်ငံမှာတည်ရှိတဲ့ Rothenburgob der Tauber လေးပဲဖြစ်ပါတယ်။ ဒီနေရာလေးကိုသွားရင် အလယ်ခေတ်နဲ့ ၁၄ ရာစုမှ ၁၆ ရာစုအတွင်းကယဉ်ကျေးမှုတွေကိုတွေ့မြင်ခံစားရမှာဖြစ်လို့ ကမ္ဘာလှည့် ခရီးသွားများသွားလေ့ရှိတဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။

၇။ Brienz, Switzerland

ဒီလမ်းလေးကတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ Brienzကျေးရွာလေးမှာရှိပါတယ်။ ၁၈ရာစုနှစ် တောင်ပေါ် သစ်သားလေးများနဲ့လှပစွာဆောက်လုပ်ထားတဲ့ အိမ်ကလေးတွေက ကမ္ဘာလှည့်ခရီးသွားများကိုလာရောက်လည်ပတ်စေဖို့ ဖမ်းစားထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

၈။ Kotor, Montenegro

ဒီလမ်းလေးကတော့ မွန်တီနီဂရိုးနိုင်ငံရှိ Kotor မြို့လေးမှာတည်ရှိပါတယ်။ သဘာဝပသာဒရှိတဲ့ မြင်ကွင်းတွေ၊ အလယ်ခေတ် ဗိသုကာအနုပညာလက်ရာများနဲ့ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံများရှိတဲ့အတွက် ကျော်ကြားရခြင်းဖြစ်ပါတယ်။

၉။ Copenhagen, Denmark

ဒိန်းမတ်နိုင်ငံCopenhagen မြို့မှာတည်ရှိတဲ့ လမ်းကလေးကတော့ အထင်ကရအဆောက်အအုံတွေ၊ စိတ်ဝင်စားစရာ မြင်ကွင်းများနဲ့ ပြတိုက်များကြောင့် ခရီးသွားများအကြားကျော်ကြားရခြင်းပဲ ဖြစ်ပါတယ်။

၁၀။ Mykonos, Greece

ဂရိနိုင်ငံ Mykonos ကျွန်းမြို့မှာရှိတဲ့ ဒီလမ်းကလေးဟာကျွန်းမြို့လေးမှာတည်ရှိတဲ့အတွက် ခရီးသွားများ နွေရာသီကမ်းခြေအပန်းဖြေတဲ့ နေရာတစ်နေရာအဖြစ် သွားရောက်လည်ပတ်လေ့ရှိတဲ့ နေရာပဲ ဖြစ်ပါတယ်။

၁၁။ Medinа – Chaouen, Morocco

မော်ရိုကိုနိုင်ငံမှာရှိတဲ့ Chaouen မှာရှိတဲ့ လမ်းကလေးများဟာအပြာရောင်ကောင်းကင်၊ အပြာရောင်နံရံလေးများနဲ့ အပြာရောင်လှေကားထစ်လေးများစတဲ့ အပြာရောင်များနဲ့ လွှမ်းခြုံနေတဲ့ နေရာလေးတစ်ခု ဖြစ်ပြီးဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံများစွာကို ရိုက်ယူနိုင်မယ့် နေရာလေးတစ်ခုဖြစ်လို့ ခရီးသွားများမပြတ်လာရောက်လည်ပတ်တဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဆိုရင်ရော စာဖတ်သူတို့အနေနဲ့ ဘယ်လမ်းတွေက အလှပဆုံးလို ထင်ကြပါသလဲ။ စာဖတ်သူတို့ရဲ့ အမြင်တွေကို မျှဝေပေးခဲ့ပါဦး။

HtetHtet Tin Zar (ရိုးရာလေး)

Ref : Knowledge : 25 Beautiful Streets That Are a Dream Come True to Live On

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top