မင်္ဂလာဆောင်အတွက် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ချင်းစီက အန်ပေါင်း ၃၆ စင်ကာပူဒေါ်လာ ပဲပေးလို့ ရက်တော်တော်ကြာအိပ်မရဖြစ်ခဲ့တဲ့ မလေးရှားအမျိုးသမီး

15.8.2024-yyl-4.jpg

မလေးရှားနိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့မင်္ဂလာဆောင်အတွက် လက်ခံနိုင်ဖွယ်မရှိတဲ့ အန်ပေါင်းပမာဏကို လက်ခံရရှိခဲ့တယ်ဆိုတာကို လူမှုကွန်ယက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အမည်မသိအဲ့ဒီအမျိုးသမီးက သူ့မင်္ဂလာပွဲကို လွန်ခဲ့တဲ့ ၄ နှစ်က ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ်ရောဂါကြောင့် သူ့အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာပါ။

အခုနှစ် ဇွန်လမှာ မင်္ဂလာပွဲကျင်းပနိုင်ခဲ့ပေမဲ့ ကုန်ပစ္စည်းစရိတ်က အရင်ထက် ၂ ဆ- ၃ ဆလောက်မြှင့်တက်ခဲ့တာကြောင့် သူ့မင်္ဂလာပွဲကုန်ကျစရိတ်က ပိုများပြားလာခဲ့ပါတယ်။ သူဟာ အစပိုင်းစိတ်ကူးထားတဲ့နေရာထက် အခြားနေရာမှာ မင်္ဂလာပွဲကျင်းပဖြစ်ခဲ့ပါတယ်။ သူ့မင်္ဂလာပွဲအတွက် လူ ၁၀၀ လောက်ဖိတ်ကြားခဲ့ပါတယ်။

မင်္ဂလာပွဲပြီးလို့ အန်ပေါင်းတွေဖွင့်ကြည့်တဲ့အချိန်မှာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ချင်းစီက ၃၆ စင်ကာပူဒေါ်လာပဲ ပေးတဲ့အတွက် သူ စိတ်ပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ဧည့်ခံခဲ့တာနဲ့ မတန်လောက်အောင် အန်ပေါင်းနည်းနည်းပဲပေးခဲ့တဲ့အတွက် ရက်တော်တော်ကြာ အိပ်မရနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထပ်ပြီးဘာမှမစားတော့ဘူးလို့လည်း ထပ်ပြောခဲ့ပါတယ်။ “လက်ဖွဲ့မတတ်နိုင်ရင် မင်္ဂလာပွဲတက်ချင်တယ်လို့ မပြောပါနဲ့”တဲ့။

လူမှုကွန်ယက်အသုံးပြုသူတွေက အဲ့ဒီအမျိုးသမီးရဲ့မကျေနပ်ချက်တွေကို ဂရုဏာသက်ဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တော်တော်များများက “သူ့ရဲ့သူငယ်ချင်းမဖြစ်လို့ ကံကောင်းတယ်”လို့ ပြောခဲ့ကြပါတယ်။

Ref: M’sia woman receives S$36 angbao for wedding from colleagues, was ‘unable to sleep’ for several nights

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top