ရေခဲတုံးတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်

18.1.24-yyl-26.jpg

ပုံမှာ မြင်ရတာကတော့ ကနေဒါနိုင်ငံမှာ ရေခဲတုံးတွေကို အသုံးပြုတည်ဆောက်ထားတဲ့ Hôtel de Glace ပါပဲ။ မြောက်အမေရိကတိုက်မှာ ရေခဲတုံးတွေ အသုံးပြု တည်ဆောက်ထားတဲ့ တစ်ခုတည်းသော ဟိုတယ်လည်း ဖြစ်ပါတယ်။ Hôtel de Glace တည်ရှိရာ ကူဘတ်ပြည်နယ်ဟာ ဆောင်းရာသီမှာ အပူချိန် -၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၅ ဒီဂရီစင်တီဂရိတ်ကြားရှိပြီး ဟိုတယ်ကို လာသူတွေအနေနဲ့ အနည်းဆုံး အင်္ကျီ ၃ ထပ်အထိ ဝတ်ဆင်ကြဖို့ လိုအပ်ပါတယ်။

ရေခဲတုံး ၂၄၀၀၊ ဆီးနှင်းတန်ချိန် ၃၅၀၀၀ အသုံးပြု တည်ဆောက်ရတဲ့ Hôtel de Glace ဟာ နှစ်စဉ်နှစ်တိုင်း ဒီဇိုင်းပုံစံသစ် ပြင်ဆင်မွမ်းမံလေ့ရှိပါတယ်။ ဟိုတယ်မှာ လာရောက်တည်းခိုသူတွေဟာ ရေပူနဲ့ ရေချိုးလို့ရပြီး ရေနွေးရေချိုးခန်းလည်း ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။

ဆွီဒင်နိုင်ငံက ရေခဲဟိုတယ်ကို အားကျအတုယူပြီး ဂျက်ကေးဒက်စ်ဘွိုက်လို့ အမည်ရတဲ့ ကနေဒါနိုင်ငံသား ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက Hôtel de Glace ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Ref:This Hotel in Canada Is Made Entirely out of Ice

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top