သတိမေ့ရောဂါရှိသူ အဘွားအတွက် ရည်စူးပြီး အချက်ပေးကိရိယာ တီထွင်နိုင်ခဲ့တဲ့ အိန္ဒိယဆယ်ကျော်သက်

24.1.24-yyl-6.jpg

စက်ရုပ်အတတ်ပညာကို နှစ်သက်တဲ့ အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးဟာ သတိမေ့ရောဂါ ခံစားနေရတဲ့ အဘွားဖြစ်သူကို ရည်စူးပြီး အချက်ပေးကိရိယာတစ်ခု တီထွင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နွေရာသီ ညနေခင်းတစ်ခုမှာ ဟီမက်ရှ်ရဲ့ အဘွား ဂျာယာသျှရီက လက်ဘက်ရည် သွားဖျော်ဦးမယ်ဆိုပြီး မီးဖိုချောင်ထဲ ဝင်သွားခဲ့ပါတယ်။ သူက လက်ဘက်ရည်ဖျော်ပြီး ပြန်ထွက်လာချိန်မှာတော့ ဂတ်စ်မီးဖိုကို မပိတ်ခဲ့ပါဘူး။ ဂျာယာသျှရီက သတိမေ့ ရောဂါ ခံစားနေရသူပါ။ ဒီဖြစ်ရပ်က ၁၂ နှစ်သား ဟီမက်ရှ်ကို ထိတ်လန့်သွားစေခဲ့သလို သူ့အဘွားအတွက် တစ်ခုခု လုပ်ပေးဖို့ အတွေးဖြစ်ပေါ်စေခဲ့ပါတယ်။

ဟီမက်ရှ်က YouTube ကနေ စက်ရုပ်အတတ်ပညာကို လေ့လာခဲ့ပြီး သူ့အဘွားအတွက် အချက်ပြကိရိယာ တီထွင်နိုင်အောင် ကြံဆခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ဟီမက်ရှ်က ပြိုင်ပွဲဝင် ၁၈၀၀၀ ကို ကျော်ဖြတ်ပြီး Samsung Solve for Tomorrow သိပ္ပံပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ရရှိခဲ့သလို Samsung ကုမ္ပဏီရဲ့ ဝါရင့်အင်ဂျင်နီယာတွေထံကနေ ပညာသင်ယူခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ဟီမက်ရှ်ရဲ့အဘွား ကွယ်လွန်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ဟီမက်ရှ်က Alpha Monitor လို့ အမည်ရတဲ့ အချက်ပြကိရိယာကို တီထွင်နိုင်ခဲ့တာပါ။ အဲဒီကိရိယာကို ဝတ်ဆင်ထားမယ်ဆိုရင် ပြုတ်ကျတတ်တယ်၊ ချော်လဲနိုင်တယ်။ တစ်ခုခုဖြစ်နိုင်တယ်ဆိုတာကို သတိပေးမှာ ဖြစ်ပါတယ်။

ဟီမက်ရှ်ဟာ ကျောင်းသားဘဝပဲ ရှိနေသေးပေမဲ့ သူ့ရဲ့ အချက်ပြကိရိယာကို ဈေးကွက်ထဲ ထုတ်လုပ်ဖြန့်ချိနိုင်မယ့် အခြေအနေအထိ ဖြစ်လာဖို့ စီစဉ်နေပါပြီ။

Ref: Indian Teen Invents Gadget to Transform Dementia Care Out of Concern for His Grandmother

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top