လူမှုဖူလုံရေးထောက်ပံ့မှုရရှိနေတဲ့ သူတောင်းစားကို တန်ဖိုးကြီးကားပိုင်ဆိုင်ထားတဲ့အပြင် အလုပ်လည်းရှိတာကို တွေ့ရှိပြီးနောက် အစိုးရက ထောက်ပံ့မှုကိုပြန်လည်ရုပ်သိမ်း

14.3.24-yyl-2.jpg

မလေးရှားအာဏာပိုင်တွေက သူတောင်းစားတစ်ဦးကို သူတို့ထင်ထားတာထက် ချမ်းသာနေတာကို တွေ့ရှိပြီးနောက် အရေးယူခဲ့ပါတယ်။ အဲဒီအမျိုးသားက တစ်နေ့ကို နာရီအနည်းငယ်တောင်းစားလိုက်တာနဲ့ စင်ကာပူဒေါ်လာ ၁၄၀ ရရှိပါတယ်။

တကယ်တော့ သူက တောင်းစားနေပေမဲ့ စင်ကာပူဒေါ်လာ ၃၆၂၀၀ တန်ဖိုးရှိတဲ့ မလေးရှားနိုင်ငံထုတ် Proton X70 Premium ကားကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူက လက်ရှိမှာ ဘတ်စ်ကားကုမ္ပဏီတစ်ခုရဲ့ကြီးကြပ်ရေးမှူးအဖြစ် အလုပ်ခန့်အပ်ထားခံရတာပါ။ အဲ့ဒီအလုပ်ကနေ တစ်လကို စင်ကာပူဒေါ်လာ ၅၇၀ ရပါတယ်။

အဲ့ဒီအမျိုးသားဟာ မသန်စွမ်းဖြစ်တဲ့အတွက် အစိုးရဆီက လစဉ်ထောက်ပံ့ကြေး (စင်ကာပူဒေါ်လာ ၁၂၈) လည်း လက်ခံရရှိထားတာပါ။ အခု အဲ့ဒီအမျိုးသားရဲ့အလုပ်အကိုင်အဆင့်အတန်းပေါ်ထွက်လာတာကြောင့် အစိုးရက လူမှုဖူလုံရေးထောက်ပံ့မှုကို မတ်လကစပြီး ပြန်ရုပ်သိမ်းခဲ့ပါတယ်။ တောင်းရမ်းစားသောက်မှုရပ်ဆိုင်းမယ်ဆိုတဲ့ ကတိကဝတ်နဲ့ သတိပေးစာတစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: M’sian ‘beggar’ who owns car worth S$36,000 found to be employed, welfare assistance revoked

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top