စာမေးပွဲမှာ ရမှတ်ကောင်းခဲ့လို့ မိခင်ဖြစ်သူဆီမှ မာစီးဒီးဘင့်ဇ်ကားတစ်စီး လက်ဆောင်ရခဲ့တဲ့ မလေးရှားဆယ်ကျော်သက်ကောင်လေး

30.5.24-yyl-8.jpg

ကလေးတွေဟာ စားမေးပွဲကိုကောင်းကောင်းဖြေဆိုနိုင်ရင် မိဘတွေဆီက လက်ဆောင်ရတဲ့ မဆန်းပေမဲ့ ဒီမလေးရှားကောင်လေးကတော့ စာမေးပွဲမှာ ရလဒ်ကောင်းခဲ့တဲ့အတွက် တန်ဖိုးကြီးလက်ဆောင်ရခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ဖာရစ်ဆိုတဲ့ ကောင်လေးက SPM စာမေးပွဲမှာ ရမှတ် 6As ရခဲ့ပါတယ်။

SPM (The Sijil Pelajaran Malaysia) ဆိုတာက အသက် ၁၆-၁၇ ကျောင်းသား/သူအားလုံးဖြေဆိုရတဲ့ နိုင်ငံလုံးဆိုင်ရာစာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲရလဒ်ကို မေလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဖာရစ်ရဲ့မိခင်ဖြစ်သူ မလေးရှားစွန့်ဦးတီထွင်သူလည်းဖြစ်တဲ့ လီယာနာ ရို့စ်လီက ဖာရစ်ကို မာစီးဒီးဘင့်ဇ်ကားအပြင် စင်ကာပူဒေါ်လာ ၂၈၀၀ ချက်လက်မှတ်ကိုလည်း လက်ဆောင်ပေးတဲ့ဗီဒီယိုကို အင်စတာဂရမ်မှာတင်ခဲ့တာပါ။ ကားက အသစ်စက်စက်လားဆိုတာကိုတော့ ထုတ်ပြောမထားပါဘူး။

လီယာနာက စာမေးပွဲရလဒ်တွေဟာ သူ့အတွက် လုံလောက်တာထက်ပိုနေပြီး ဖာရစ်ရဲ့အောင်မြင်မှုက လက်ဆောင်တွေထက် ပိုပြီးအရေးပါတယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။ ဖာရစ်က သူ့အမေကို အမြဲပံ့ပိုးအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့ပါတယ်။ ဖာရစ် ပြောခဲ့တာက “ကျွန်တော့်အမေက ကျွန်တော့်ကို အရာအားလုံးပေးခဲ့တယ်။ ကျွန်တော် ပြန်ပေးနိုင်တဲ့အရာမရှိသေးပေမဲ့ အမေ့ကို ပြုံးပျော်ရွှင်စေခဲ့ပါတယ်”တဲ့။

Ref: M’sian Boy, 17, Gifted With Mercedes Benz & S$2.8K Cheque For Scoring 6As In Exam

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top